ကင်ဆာ ပျောက်စေတဲ့ ကြက်ဥပြုတ်နည်း
Zawgyi
Unicode
သားအိမ်ကင်ဆာဖြင့်ရန်ကုန်ဆေရုံကြီးမှာ စစ်ဆေးပြီး နောက်ကျမှပြီလို့ သတ်မှတ်ပြောဆိုခြင်းခံရသူ အသက်၅ဝကျော် အမျိုးသမီးကြီးတစ်ဦး လက်တွေ့ပျောက်ကင်းသွားတယ်လို့သိရပါတယ်။ ကံတိုက်ဆိုင်သူများပျောက်ကင်းကြစေရန်တင်ပြပါတယ်။
သင်္ဘောသီး၊သင်္ဘောရွက်ကိုနေ့စဉ်သုံးစွဲပါ။ဆေးမီးတိုဆိုပြီးအထင်မသေးပါနှင့်။ အစာဟောင်းအိမ် အူမကြီးမှာကင်ဆာအလုံးတွေ့၍ ဖြတ်ထုတ်ရမည့်သူတစ်ယောက် ဆရာကြီးတစ်ဦးနည်းပေးသဖြင့်သင်္ဘောရွက်ပြုတ်အရည်သောက်ခြင်း။
အရွက်နုကိုတို့စရာလုပ်စားခြင်းဖြင့်မခွဲရပဲ၊ ဝမ်းလည်းပြန်သွားနိုင်ကာ၂နှစ်ကျော်ပြီ။ အသက်ရှင်နေပါသည်။
သင်္ဘောသီး ကြက်ဥပြုတ်ချိန်မှာ ရေမထည့်ပါနဲ့။ သင်္ဘောသီးထဲမှအငွေ့အာနိသင်ဝင်ပြီးကြက်ဥကျက်သွားခြင်းဖြစ်ပါသည်။ သင်္ဘောသီးအငွေ့ကြောင့် ကြက်ဥသည်ကင်ဆာပိုးကိုသတ်နိုင်ပါသည်။ ကြက်ဥကနေ မြွေဆိပ်ထုတ်နေတာ ကြားဖူးကြမှာပါ။
ကြက်ဥတစ်နေ့တစ်လုံးစားပေးသင့်သည်ဟု ယခုအခါကျန်းမာရေးဆရာဝန်ကြီးများကညွှန်ကြားလျှက်ရှိနေကြသည်။ သဘာဝအိမ်ကြက်ဥများကပို၍အာနိသင်ကောင်းပါသည်။အိမ်ကြက်ဥကအလုံးသေးသဖြင့်စျေးကွက်မဝင်ပါ။
သင်္ဘောသီးအစိမ်း ထိပ်မှဖြတ်ပါ။
အတွင်းမှအစေ့များကိုခြစ်ပါ။ အခေါင်းကျယ်စေဖို့ပါ။ အစေ့များကိုဖယ်မပစ်ပါနှင့်။
အခေါင်းတွင်းသို့ကြက်ဥထည့်ပါ။
အလုံးကြီးလျှင်ကြက်ဥ ၂လုံးအထိဆန့်ပါသည်။
အဖုံးကိုပြန်အုပ်ပြီးအစေးဖြင့်ဖိကပ်ပါ။ မသေချာလျှင်ရွှံ့ဖြင့်ဇော်မံပါ။
မီးဖို။မီးကျီးဖြင့် နာရီဝက်ခန့်ဖုတ်ပါ။
ဖွင့်ကြည့်လျှင်သင်္ဘောသီးအတွင်းမှအခိုးများထွက်လာပါလိမ့်မည်။
အတွင်းမှကြက်ဥကိုအပြင်ထုတ်ပြီးအအေးခံထားပါ။
ကြက်ဥကိုရေမဆေးပါနှင့်။
ကြက်ဥ ၂လုံးကို အခြားအစာနှင့်မရောပဲထမင်းလွတ်စားပါ။
နေ့စဉ် အနည်းဆုံး ၁၄ ရက်စားမှအကျိုးထူးပါမည်။