မိမိခံစားရသည့္ ေဝဒနာထက္ လူနာမ်ားအသက္ကို ကယ္တင္ခဲ႔သည့္ ေလးစားဖြယ္ ႏွလံုးလွဆရာဝန္

Zawgyi

ဆရာဝန္တစ္ဦးဟာ ခြဲစိတ္ခန္းအတြင္း အူအတက္ေပါက္ကာ ျပင္းထန္စြာနာက်င္မႈ ခံစားေနရေပမယ့္ အေရးႀကီးသည့္ လူနာမ်ားအတြက္ ခြဲစိတ္မႈ ၉ ခုကို ၿပီးစီးေအာင္လုပ္ေပးခဲ႔ပါသည္။

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း အန္ဟြီျပည္နယ္မွ ခြဲစိတ္ဆရာဝန္တစ္ဦးျဖစ္ေသာ လ်န္ဖူခၽြင့္သည္ ခြဲခန္းအတြင္း လူနာမ်ားကို ခြဲစိတ္ကုသေပးေနစဥ္တြင္ မခံမရပ္ႏိုင္ေသာ နာက်င္မႈ ခံစားလာရပါသည္။

ကိုကိုယ္တိုင္လည္း အူအတက္ေရာင္ေရာဂါခံစားရၿပီး ျပင္းထန္စြာနာက်င္ေနေပမယ့္ မိမိရဲ႕လူနာမ်ားသည္ ပိုအေရးႀကီးသည္ဟုဆိုကာ ေဝဒနာကိုေအာင့္အီးသည္းခံ၍ ခြဲစိတ္မႈ ၉ ခု ၿပီးေအာင္လုပ္ေပးခဲ႔ပါသည္။

ဒါေပမယ့္ အလြန္နာက်င္မႈ ခံစားေနရခ်ိန္ ခြဲစိတ္မႈကို အျပည့္အဝအာ႐ံုစိုက္ကာ အမွားအယြင္းကင္းႏိုင္ရန္အတြက္ ခြဲစိတ္ခန္းထဲမွာ အျခားလုပ္ေဖာ္ကိုင္ဖက္မ်ားမွ ေဒါက္တာလ်န္ နာက်င္ကိုက္ခဲမႈ သက္သာေစဖို႔ ေဆးႏွစ္ႀကိမ္ ထုိးေပးခဲ့ရပါသည္။

ခြဲစိတ္မႈေတြၿပီးဆုံးခဲ့ခ်ိန္တြင္ ေဒါက္တာလ်န္ရဲ႕အေျခအေနကို စစ္ေဆးလိုက္ရာတြင္ အူအတက္ေပါက္သြားခဲ့ၿပီျဖစ္တာေၾကာင့္ အေရးေပၚခြဲစိတ္ကုသမႈ ခ်က္ခ်င္းျပဳလုပ္လိုက္ရပါသည္။

အမွန္မွာ ေဒါက္တာလ်န္သည္ ခြဲခန္းမဝင္ခင္ မနက္ပိုင္းကတည္းက ဗိုက္အနည္းငယ္နာေနေပမယ့္ ထိုေန႔ခြဲစိတ္ရမည့္ လူနာမ်ားတြင္ ေမြးလူနာရွစ္ဦးႏွင့္

သားအိမ္ေခါင္းကင္ဆာလူနာတစ္ဦး ပါဝင္ေနသျဖင့္ ခြဲစိတ္ေပးရန္ ဆံုးျဖတ္ေပးခဲ႔ျခင္း ျဖစ္ပါသည္။

ခြဲခန္းအတြင္းေရာက္ခ်ိန္တြင္ နာက်င္မႈမွာ မခံမရပ္ႏိုင္ေအာင္ ျဖစ္လာခဲ႔ျခင္းပါ။

လူနာမ်ားသည္လည္း အေရးေပၚအေျခအေနျဖစ္ေနၿပီး ေနာက္ထပ္အခ်ိန္ေရြ႕ဆိုင္းပါက မျဖစ္ႏိုင္ေတာ့သျဖင့္ မိမိေဝဒနာကို အံႀကိတ္ခံကာ ခြဲစိတ္ေပးခဲ႔ျခင္း ျဖစ္ပါသည္။

ေနာက္ပိုင္း ေဒါက္တာလ်န္သည္အခ်ိန္ေနာက္က်မွ အေရးေပၚခြဲစိတ္ကုသမႈခံယူခဲ႔ရေသာ္လည္း ေအာင္ျမင္ခဲ႔ပါသည္။

ယခုအခါ ႏွလံုးလွဆရာဝန္အျဖစ္ ေဒါက္တာလ်န္ကို သတ္မွတ္ၾကကာ ခ်ီးက်ဴးဂုဏ္ျပဳမႈမ်ား ျပဳခဲ႔ၾကပါသည္။

Unicode

ဆရာဝန်တစ်ဦးဟာ ခွဲစိတ်ခန်းအတွင်း အူအတက်ပေါက်ကာ ပြင်းထန်စွာနာကျင်မှု ခံစားနေရပေမယ့် အရေးကြီးသည့် လူနာများအတွက် ခွဲစိတ်မှု ၉ ခုကို ပြီးစီးအောင်လုပ်ပေးခဲ့ပါသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွီပြည်နယ်မှ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သော လျန်ဖူချွင့်သည် ခွဲခန်းအတွင်း လူနာများကို ခွဲစိတ်ကုသပေးနေစဉ်တွင် မခံမရပ်နိုင်သော နာကျင်မှု ခံစားလာရပါသည်။

ကိုကိုယ်တိုင်လည်း အူအတက်ရောင်ရောဂါခံစားရပြီး ပြင်းထန်စွာနာကျင်နေပေမယ့် မိမိရဲ့လူနာများသည် ပိုအရေးကြီးသည်ဟုဆိုကာ ဝေဒနာကိုအောင့်အီးသည်းခံ၍ ခွဲစိတ်မှု ၉ ခု ပြီးအောင်လုပ်ပေးခဲ့ပါသည်။

ဒါပေမယ့် အလွန်နာကျင်မှု ခံစားနေရချိန် ခွဲစိတ်မှုကို အပြည့်အဝအာရုံစိုက်ကာ အမှားအယွင်းကင်းနိုင်ရန်အတွက် ခွဲစိတ်ခန်းထဲမှာ အခြားလုပ်ဖော်ကိုင်ဖက်များမှ ဒေါက်တာလျန် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ ဆေးနှစ်ကြိမ် ထိုးပေးခဲ့ရပါသည်။

ခွဲစိတ်မှုတွေပြီးဆုံးခဲ့ချိန်တွင် ဒေါက်တာလျန်ရဲ့အခြေအနေကို စစ်ဆေးလိုက်ရာတွင် အူအတက်ပေါက်သွားခဲ့ပြီဖြစ်တာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ချက်ချင်းပြုလုပ်လိုက်ရပါသည်။

အမှန်မှာ ဒေါက်တာလျန်သည် ခွဲခန်းမဝင်ခင် မနက်ပိုင်းကတည်းက ဗိုက်အနည်းငယ်နာနေပေမယ့် ထိုနေ့ခွဲစိတ်ရမည့် လူနာများတွင် မွေးလူနာရှစ်ဦးနှင့်

သားအိမ်ခေါင်းကင်ဆာလူနာတစ်ဦး ပါဝင်နေသဖြင့် ခွဲစိတ်ပေးရန် ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ခွဲခန်းအတွင်းရောက်ချိန်တွင် နာကျင်မှုမှာ မခံမရပ်နိုင်အောင် ဖြစ်လာခဲ့ခြင်းပါ။

လူနာများသည်လည်း အရေးပေါ်အခြေအနေဖြစ်နေပြီး နောက်ထပ်အချိန်ရွေ့ဆိုင်းပါက မဖြစ်နိုင်တော့သဖြင့် မိမိဝေဒနာကို အံကြိတ်ခံကာ ခွဲစိတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

နောက်ပိုင်း ဒေါက်တာလျန်သည်အချိန်နောက်ကျမှ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရသော်လည်း အောင်မြင်ခဲ့ပါသည်။

ယခုအခါ နှလုံးလှဆရာဝန်အဖြစ် ဒေါက်တာလျန်ကို သတ်မှတ်ကြကာ ချီးကျူးဂုဏ်ပြုမှုများ ပြုခဲ့ကြပါသည်။