အိမ္သာတက္ရင္း ဖုန္းသံုးတတ္တဲ့သူေတြ သတိထားရမယ့္ စအိုက်ြံျခင္းျဖစ္ရပ္

Zawgyi

ဇိမ္က်က်နဲ႔ အိမ္သာတက္ရတဲ့ အခ်ိန္က ကမာၻေပၚမွာစိတ္ေအးသက္သာရာ အရွိဆုံးခံစားမႈကို ေပးစြမ္းတယ္ဆိုတာ အားလုံးလည္း လက္ခံၾကမွာပါ။ 

ထိုင္ေန႐ုံနဲ႔ ၿပီးတဲ့ကိစၥမွာ တျခားဘာမွ လုပ္စရာမရွိေတာ့ ပ်င္းလာတာေပါ့။ 

ဒီေတာ့ တစ္ခ်ိဳ႕က သတင္းစာေလး၊ ဘာေလးဖတ္ရင္း တခ်ိဳ႕ကေတာ့ ဖုန္းပြတ္ေလးပြတ္ရင္း၊ တခ်ိဳ႕ဆို ေဆးလိပ္ေလးဖြာ စဥ္းစားရင္းနဲ႔ ကိုယ္ပိုင္အခ်ိန္ကို အျပည့္အဝ ယူတတ္ၾကပါတယ္။

အခ်ိန္ယူတာ ကိစၥမရွိေပမယ့္၊ သင့္ က်န္းမာေရးနဲ႔ ပတ္သက္ရင္ေတာ့ ကိစၥအႀကီးႀကီး ရွိလာႏိုင္တယ္။ 

အခုေနာက္ပိုင္းဆို ဖုန္းဂိမ္း အမိုက္ေတြ အမ်ားႀကီး ထြက္လာသလို လူေတြရဲ႕ စိတ္အာ႐ုံကို ဘယ္ေလာက္ေတာင္ ဖမ္းစားႏိုင္လဲဆိုရင္ အိမ္သာတက္တဲ့ အခ်ိန္နဲ႔ ဂိမ္းေဆာ့တဲ့ အခ်ိန္အတူတူ ျဖစ္လာတဲ့အထိပါ။ 

ေျပာၾကတာေတာ့ ေဆာ့လို႔ အင္မတန္ အဆင္ေျပတယ္လို႔လည္း သိရပါတယ္။

ဒီလိုမ်ိဳး ဂိမ္းအေဆာ့ေကာင္းလို႔ တ႐ုတ္ႏိုင္ငံ Guangdong ၿမိဳ႕မွာ အမ်ိဳးသားတစ္ေယာက္ အႀကီးအက်ယ္ ဒုကၡေရာက္ခဲ့ပါတယ္။ 

သူဟာ ဒီကိစၥနဲ႔ ပတ္သက္ရင္ သိပ္ကိုရွက္႐ြံေနတာေၾကာင့္ နာမည္ကိုေတာ့ မေဖာ္ျပေပးခဲ့ၾကပါဘူး။

ျဖစ္ပုံက လုပ္ကေနျပန္ေရာက္ေရာက္ခ်င္းတိုင္း ဒီအမည္မေဖာ္လိုသူ အမ်ိဳးသားဟာ သူရဲ႕ တစ္ေန႔တာ ဂိမ္းတာဝန္ေတြကို အိမ္သာတက္ရင္ ထမ္းေဆာင္ပါတယ္။

အာ႐ုံကလည္း ဂိမ္းထဲမွာဆိုေတာ့ ဝမ္းသြားေနစဥ္မွာလည္း စအိုကို မသိလိုက္ဘာသာဆတ္ခနဲ႔ ဆတ္ခနဲ႔က်ဳံ႔က်ဳံ႔ေနခဲ့မိတယ္။ 

ခဏလည္းေနေရာ ထူးဆန္းတဲ့အတုံးလိုအရာတစ္ခုက ျပဴထြက္လာၿပီး ထိုအရာရဲ႕ ေခါင္းလို အစိတ္အပိုင္းဟာ အက်ည္းတန္းဖြယ္ စအိုဝမွာထြက္ေပၚလာခဲ့တယ္။

ဒါမ်ိဳး ေနာက္ဘယ္ေတာ့မွ မလုပ္ေတာ့ဘူးဆိုၿပီအသိတရားဝင္႐ုံမက ေဆး႐ုံကို ေျပးတာအေကာင္းဆုံးပဲဆိုတဲ့ ဆုံးျဖတ္ခ်က္ပါ တစ္ခါတည္းခ်လိုက္တယ္။ 

ထြက္လာတဲ့ အတုံးလိုအရာဟာ စအိုလမ္းေၾကာင္းျဖစ္ၿပီးသူဟာ စအိုကြၽံတဲ့ ေဝဒနာကို ခံစားခဲ့ရပါတယ္။

သူရဲ႕ ထိတ္လန္႔ဖြယ္ X-ray ဓာတ္မွန္ပါ။ ဝိုင္းျပထားတဲ့ေနရာကို စာဖတ္သူတို႔ ကိုယ့္ဟာကိုယ္သာ ျမင္ေယာင္ၾကည့္ ၾကပါ။

ေနာက္ဆုံး ခြဲစိပ္အထူးကုေတြနဲ႔ ဖယ္ရွားခဲ့ၿပီး အဲ့ဒီအမ်ိဳးသားလည္း အခုဆို သက္သာေနၿပီလို႔ သိရပါတယ္။

ခြဲစိပ္အထူးကု Dr. Su က “လိုအပ္တာထက္ ပိုထိုင္မိတဲ့အခါမွာ စအိုကို ပိုၿပီး ဖိအားေပးသလိုျဖစ္ၿပီး အလားတူေရာဂါလကၡဏာေတြ ႀကဳံေတြ႕ ခံစားရမယ္” လို သတိေပးခဲ့ပါတယ္။

က်န္းမာေရးအတြက္ ထိုင္သင့္တဲ့ ပုံစံေလးေတြလည္းရွိပါေသးတယ္။ အေရးမပါဘူးလို မထင္ပါနဲ့။ သင့္ရဲ႕ က်န္းမာျခင္း၊ မက်န္းမာျခင္းကို မွန္ကန္တဲ့ ပုံစံေတြကပဲဆုံးျဖတ္ေပးတာပါ။

Unicode

ဇိမ်ကျကျနဲ့ အိမ်သာတက်ရတဲ့ အချိန်က ကမ္ဘာပေါ်မှာစိတ်အေးသက်သာရာ အရှိဆုံးခံစားမှုကို ပေးစွမ်းတယ်ဆိုတာ အားလုံးလည်း လက်ခံကြမှာပါ။ 

ထိုင်နေရုံနဲ့ ပြီးတဲ့ကိစ္စမှာ တခြားဘာမှ လုပ်စရာမရှိတော့ ပျင်းလာတာပေါ့။ 

ဒီတော့ တစ်ချို့က သတင်းစာလေး၊ ဘာလေးဖတ်ရင်း တချို့ကတော့ ဖုန်းပွတ်လေးပွတ်ရင်း၊ တချို့ဆို ဆေးလိပ်လေးဖွာ စဉ်းစားရင်းနဲ့ ကိုယ်ပိုင်အချိန်ကို အပြည့်အဝ ယူတတ်ကြပါတယ်။

အချိန်ယူတာ ကိစ္စမရှိပေမယ့်၊ သင့် ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ကိစ္စအကြီးကြီး ရှိလာနိုင်တယ်။ 

အခုနောက်ပိုင်းဆို ဖုန်းဂိမ်း အမိုက်တွေ အများကြီး ထွက်လာသလို လူတွေရဲ့ စိတ်အာရုံကို ဘယ်လောက်တောင် ဖမ်းစားနိုင်လဲဆိုရင် အိမ်သာတက်တဲ့ အချိန်နဲ့ ဂိမ်းဆော့တဲ့ အချိန်အတူတူ ဖြစ်လာတဲ့အထိပါ။ 

ပြောကြတာတော့ ဆော့လို့ အင်မတန် အဆင်ပြေတယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး ဂိမ်းအဆော့ကောင်းလို့ တရုတ်နိုင်ငံ Guangdong မြို့မှာ အမျိုးသားတစ်ယောက် အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ 

သူဟာ ဒီကိစ္စနဲ့ ပတ်သက်ရင် သိပ်ကိုရှက်ရွံနေတာကြောင့် နာမည်ကိုတော့ မဖော်ပြပေးခဲ့ကြပါဘူး။

ဖြစ်ပုံက လုပ်ကနေပြန်ရောက်ရောက်ချင်းတိုင်း ဒီအမည်မဖော်လိုသူ အမျိုးသားဟာ သူရဲ့ တစ်နေ့တာ ဂိမ်းတာဝန်တွေကို အိမ်သာတက်ရင် ထမ်းဆောင်ပါတယ်။

အာရုံကလည်း ဂိမ်းထဲမှာဆိုတော့ ဝမ်းသွားနေစဉ်မှာလည်း စအိုကို မသိလိုက်ဘာသာဆတ်ခနဲ့ ဆတ်ခနဲ့ကျုံ့ကျုံ့နေခဲ့မိတယ်။ 

ခဏလည်းနေရော ထူးဆန်းတဲ့အတုံးလိုအရာတစ်ခုက ပြူထွက်လာပြီး ထိုအရာရဲ့ ခေါင်းလို အစိတ်အပိုင်းဟာ အကျည်းတန်းဖွယ် စအိုဝမှာထွက်ပေါ်လာခဲ့တယ်။

ဒါမျိုး နောက်ဘယ်တော့မှ မလုပ်တော့ဘူးဆိုပြီအသိတရားဝင်ရုံမက ဆေးရုံကို ပြေးတာအကောင်းဆုံးပဲဆိုတဲ့ ဆုံးဖြတ်ချက်ပါ တစ်ခါတည်းချလိုက်တယ်။ 

ထွက်လာတဲ့ အတုံးလိုအရာဟာ စအိုလမ်းကြောင်းဖြစ်ပြီးသူဟာ စအိုကျွံတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။

သူရဲ့ ထိတ်လန့်ဖွယ် X-ray ဓာတ်မှန်ပါ။ ဝိုင်းပြထားတဲ့နေရာကို စာဖတ်သူတို့ ကိုယ့်ဟာကိုယ်သာ မြင်ယောင်ကြည့် ကြပါ။

နောက်ဆုံး ခွဲစိပ်အထူးကုတွေနဲ့ ဖယ်ရှားခဲ့ပြီး အဲ့ဒီအမျိုးသားလည်း အခုဆို သက်သာနေပြီလို့ သိရပါတယ်။

ခွဲစိပ်အထူးကု Dr. Su က “လိုအပ်တာထက် ပိုထိုင်မိတဲ့အခါမှာ စအိုကို ပိုပြီး ဖိအားပေးသလိုဖြစ်ပြီး အလားတူရောဂါလက္ခဏာတွေ ကြုံတွေ့ ခံစားရမယ်” လို သတိပေးခဲ့ပါတယ်။

ကျန်းမာရေးအတွက် ထိုင်သင့်တဲ့ ပုံစံလေးတွေလည်းရှိပါသေးတယ်။ အရေးမပါဘူးလို မထင်ပါနဲ့။ သင့်ရဲ့ ကျန်းမာခြင်း၊ မကျန်းမာခြင်းကို မှန်ကန်တဲ့ ပုံစံတွေကပဲဆုံးဖြတ်ပေးတာပါ။