အေရျပားမွာစူပါဂလူးမေတာ္္တဆကပ္မိသြားရင္အလြယ္တကူဖယ္ရွားနည္းမ်ာ

Zawgyi

ပစၥည္းတစ္ခုခုျပင္ဖို႔၊ကပ္ဖို႔လိုတိုင္းစူပါဂလူးကိုေျပးဝယ္ၾကပါတယ္။တကယ္လည္းစြယ္စုံအသုံးဝင္တဲ့အရာျဖစ္ေပမယ့္ကပ္လိုတဲ့ေနရာမဟုတ္ဘဲမေတာ္တဆေခ်ာ္ၿပီးမ်က္စိကိုစဥ္မိရင္အႏၲရာယ္ရွိနိုင္ပါတယ္။

အသားမွာကပ္သြားရင္လည္းအတင္းဆြဲခြာရလို႔အသားေတြစုတ္ျပဲရနိုင္တယ္။

စူပါဂလူးကအေရျပားနဲ႔ထိေတြ႕တဲ့အခါထိခိုက္မႈအာနိသင္မျဖစ္နိုင္ေပမယ့္အသားေတြထိကပ္ကုန္တာ၊တျခားအရာဝတၱဳေတြနဲ႔အသားကပ္ကုန္တာေတြျဖစ္ေစနိုင္ပါတယ္။

ဒီလိုမျဖစ္ေတာင္လက္မွေကာ္ေတြကပ္က်န္ေနတာစိတ္ညစ္ဖို႔ေကာင္းပါတယ္။ဒီေတာ့မေတာ္တဆကပ္မိတဲ့အခါအေရျပားကေနဘယ္လိုဖယ္ရွားမလဲဆိုတာအလြယ္ဆုံးနည္းေလးေတြေျပာျပမယ္ေနာ္

(၁) ဆပ္ျပာရည္။ ဆပ္ျပာေဖ်ာ္ထားတဲ့ေရေႏြးေႏြးေလးမွာခဏစိမ္ၿပီးလက္မွာကပ္ေနတဲ့ေကာ္ေတြကိုဖယ္ရွားပါ။ေကာ္မေျခာက္ခင္မွာစိမ္နိုင္ရင္ပိုေကာင္းပါတယ္။

ဇလုံတစ္ခုထဲေရေႏြးစပ္ၿပီးေခ်းခၽြတ္ဆပ္ျပာသို႔မဟုတ္ဆပ္ျပာတစ္မ်ိဳးမ်ိဳးထည့္ပါ။

ေကာ္ကပ္ေနတဲ့လက္ကို၅မိနစ္သို႔မဟုတ္၁၀မိနစ္စိမ္ထားပါ။ေကာ္ကေပ်ာ့လာၿပီဆိုရင္အသာအယာပြတ္ပါဒါမွမဟုတ္အသာေလးခြာၾကည့္ပါ။လုပ္ၾကည့္လို႔နာတယ္ဆိုဆက္မလုပ္ပါနဲ႔။

အေရျပားစုတ္ျပဲသြားနိုင္ပါတယ္။ေကာ္သိပ္မမ်ားဘူးဆိုရင္ဒီနည္းနဲ႔တင္နည္းနည္းခ်င္းေလ်ာ့ပါးသြားနိုင္ပါတယ္။မရရင္ေနာက္တစ္နည္းေပါ့။

(၂) လက္သည္းဖ်က္ေဆး။လက္သည္းဖ်က္ေဆးအမ်ားစုမွာacetone လို႔ေခၚတဲ့စူပါဂလူးကိုေပ်ာ္ဝင္ေစတဲ့အစြမ္းထက္ပစၥည္းတစ္ခုပါဝင္ပါတယ္။

လက္သည္းဖ်က္ေဆးကိုဂြမ္းနဲ႔ဆြတ္ၿပီးေကာ္ကပ္ေနတဲ့ေနရာကိုခဏေလာက္ဖိကပ္ေပးပါ။

Acetone ကအဆိပ္အေတာက္ရွိနိုုင္တဲ့ဓာတ္ျဖစ္ၿပိးအေရျပားကိုေျခာက္ေသြ႕ေစနိုင္တယ္ဆိုေတာ့သုံးၿပီးတာနဲ႔လက္ကိုေသခ်ာေဆးဖို႔အေရးႀကီးပါတယ္။

အေရျပားေရာဂါရွိတဲ့သူေတြနဲ႔ထိခိုက္လြယ္အသားအေရေတြေတာ့မသုံးသင့္ပါဘူး။အေရျပားေပါက္ျပဲေနရင္လည္းမသုံးသင့္ပါဘူး။

(၃) ေထာပတ္နဲ႔ဆီမ်ား။အုန္းဆီ၊သံလြင္ဆီ၊ေထာပတ္၊မာဂ်ရင္းတို႔လိုအဆီေတြကစူပါဂလူးခြာတဲ့ေနရာမွာအသုံးဝင္ပါတယ္။

ေရေႏြးေႏြးေလးထဲမွာလက္ကိုအရင္စိမ္လိုက္ၿပီးမွအဲဒီအဆီတစ္ခုခုကိုစိတ္ရွည္ရွည္နဲ႔ပြတ္ေပးပါ။ေကာ္ေတြမစင္မခ်င္းဆီေတြထပ္သုံးလို႔ရပါတယ္။

(၄) ေခ်းတြန္းေက်ာက္။အသားမာေတြ၊အေရျပားဆဲလ္ေသေတြကိုဖယ္ရွားဖို႔သုံးၾကတဲ့ေခ်းတြန္းေက်ာက္ကိုေျခာက္ေသြ႕ကပ္က်န္ေနတဲ့ေကာ္ေတြဖယ္ရွားရာမွာလည္းသုံးနိုင္ပါတယ္။

ေကာ္ေပေနတဲ့လက္ကိုဆပ္ျပာရည္ထဲခဏစိမ္ၿပီးေခ်းတြန္းေက်ာက္ကိုေတာ့ေရေႏြးေလးထဲစိမ္ထားပါ။ၿပီးမွေခ်းတြန္းေက်ာက္နဲ႔အသာအယာစက္ဝိုင္းပုံသ႑ာန္ပြတ္တိုက္ေပးပါ။

(၅) သံပရာသီး။သံပရာသီးရဲ့အက္စစ္ဓာတ္ကစူပါဂလူးကိုဖယ္ရွားေပးနိုင္ပါတယ္။ခြက္တစ္ခုထဲကိုသံပရာသီးညႇစ္ထည့္ၿပီးေကာ္ေပေနတဲ့လက္ကို၅မိနစ္/ ၁၀မိနစ္ႏွစ္ထားေပးပါ။

ဒါမွမဟုတ္သြားပြတ္တံျဖစ္ျဖစ္၊ဂြမ္းနဲ႔ျဖစ္ျဖစ္သံပရာရည္ဆြတ္ၿပီးေကာ္ကပ္ေနတဲ့ေနရာကိုတို႔ပြတ္ပါ။အသားမွာေကာ္ကပ္မိရင္။

အသားမွာကပ္ေနတဲ့ေကာ္ေတြကိုဆြဲမခြာသင့္ပါဘူး။အေရျပားကိုသို႔မဟုတ္ေကာ္ကိုညင္သာစြာပြတ္တိုက္တာကပဲအဆင္ေျပမွာပါ။

တခ်ိဳ႕ကဒီတိုင္းေနရင္း၊အဝတ္ေလၽွာ္၊ပန္းကန္ေဆးရင္းနဲ႔ကြာကုန္တာလည္းရွိပါတယ္။ဒါေပမယ့္အေရးႀကီးတာကစူပါဂလူးသုံးရင္ပါးစပ္ထဲနဲ႔မ်က္စိထဲမဝင္ဖို႔ပါပဲ။မ်က္စိသို႔မဟုတ္မ်က္ခြံမွာေကာ္ေတြေပရင္အႏၲရာယ္ရွိနိုင္ပါတယ္။

ေနာက္တစ္ခ်က္အေရးႀကီးတာကအေရျပားမွာေပါက္ျပဲမႈရွိခဲ့ရင္ဓာတုပစၥည္းေတြသုံးၿပီးေကာ္မဖယ္ရွားပါနဲ႔။ေနာက္ဆုံးမရရင္ဆရာဝန္ျပသင့္ပါတယ္။

ခြက္ဒစ္ Hello ဆရာဝန္

Unicode

ပစ္စည်းတစ်ခုခုပြင်ဖို့၊ကပ်ဖို့လိုတိုင်းစူပါဂလူးကိုပြေးဝယ်ကြပါတယ်။တကယ်လည်းစွယ်စုံအသုံးဝင်တဲ့အရာဖြစ်ပေမယ့်ကပ်လိုတဲ့နေရာမဟုတ်ဘဲမတော်တဆချော်ပြီးမျက်စိကိုစဉ်မိရင်အန္တရာယ်ရှိနိုင်ပါတယ်။

အသားမှာကပ်သွားရင်လည်းအတင်းဆွဲခွာရလို့အသားတွေစုတ်ပြဲရနိုင်တယ်။

စူပါဂလူးကအရေပြားနဲ့ထိတွေ့တဲ့အခါထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့်အသားတွေထိကပ်ကုန်တာ၊တခြားအရာဝတ္တုတွေနဲ့အသားကပ်ကုန်တာတွေဖြစ်စေနိုင်ပါတယ်။

ဒီလိုမဖြစ်တောင်လက်မှကော်တွေကပ်ကျန်နေတာစိတ်ညစ်ဖို့ကောင်းပါတယ်။ဒီတော့မတော်တဆကပ်မိတဲ့အခါအရေပြားကနေဘယ်လိုဖယ်ရှားမလဲဆိုတာအလွယ်ဆုံးနည်းလေးတွေပြောပြမယ်နော်

(၁) ဆပ်ပြာရည်။ ဆပ်ပြာဖျော်ထားတဲ့ရေနွေးနွေးလေးမှာခဏစိမ်ပြီးလက်မှာကပ်နေတဲ့ကော်တွေကိုဖယ်ရှားပါ။ကော်မခြောက်ခင်မှာစိမ်နိုင်ရင်ပိုကောင်းပါတယ်။

ဇလုံတစ်ခုထဲရေနွေးစပ်ပြီးချေးချွတ်ဆပ်ပြာသို့မဟုတ်ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။

ကော်ကပ်နေတဲ့လက်ကို၅မိနစ်သို့မဟုတ်၁၀မိနစ်စိမ်ထားပါ။ကော်ကပျော့လာပြီဆိုရင်အသာအယာပွတ်ပါဒါမှမဟုတ်အသာလေးခွာကြည့်ပါ။လုပ်ကြည့်လို့နာတယ်ဆိုဆက်မလုပ်ပါနဲ့။

အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ကော်သိပ်မများဘူးဆိုရင်ဒီနည်းနဲ့တင်နည်းနည်းချင်းလျော့ပါးသွားနိုင်ပါတယ်။မရရင်နောက်တစ်နည်းပေါ့။

(၂) လက်သည်းဖျက်ဆေး။လက်သည်းဖျက်ဆေးအများစုမှာacetone လို့ခေါ်တဲ့စူပါဂလူးကိုပျော်ဝင်စေတဲ့အစွမ်းထက်ပစ္စည်းတစ်ခုပါဝင်ပါတယ်။

လက်သည်းဖျက်ဆေးကိုဂွမ်းနဲ့ဆွတ်ပြီးကော်ကပ်နေတဲ့နေရာကိုခဏလောက်ဖိကပ်ပေးပါ။

Acetone ကအဆိပ်အတောက်ရှိနိုုင်တဲ့ဓာတ်ဖြစ်ပြိးအရေပြားကိုခြောက်သွေ့စေနိုင်တယ်ဆိုတော့သုံးပြီးတာနဲ့လက်ကိုသေချာဆေးဖို့အရေးကြီးပါတယ်။

အရေပြားရောဂါရှိတဲ့သူတွေနဲ့ထိခိုက်လွယ်အသားအရေတွေတော့မသုံးသင့်ပါဘူး။အရေပြားပေါက်ပြဲနေရင်လည်းမသုံးသင့်ပါဘူး။

(၃) ထောပတ်နဲ့ဆီများ။အုန်းဆီ၊သံလွင်ဆီ၊ထောပတ်၊မာဂျရင်းတို့လိုအဆီတွေကစူပါဂလူးခွာတဲ့နေရာမှာအသုံးဝင်ပါတယ်။

ရေနွေးနွေးလေးထဲမှာလက်ကိုအရင်စိမ်လိုက်ပြီးမှအဲဒီအဆီတစ်ခုခုကိုစိတ်ရှည်ရှည်နဲ့ပွတ်ပေးပါ။ကော်တွေမစင်မချင်းဆီတွေထပ်သုံးလို့ရပါတယ်။

(၄) ချေးတွန်းကျောက်။အသားမာတွေ၊အရေပြားဆဲလ်သေတွေကိုဖယ်ရှားဖို့သုံးကြတဲ့ချေးတွန်းကျောက်ကိုခြောက်သွေ့ကပ်ကျန်နေတဲ့ကော်တွေဖယ်ရှားရာမှာလည်းသုံးနိုင်ပါတယ်။

ကော်ပေနေတဲ့လက်ကိုဆပ်ပြာရည်ထဲခဏစိမ်ပြီးချေးတွန်းကျောက်ကိုတော့ရေနွေးလေးထဲစိမ်ထားပါ။ပြီးမှချေးတွန်းကျောက်နဲ့အသာအယာစက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။

(၅) သံပရာသီး။သံပရာသီးရဲ့အက်စစ်ဓာတ်ကစူပါဂလူးကိုဖယ်ရှားပေးနိုင်ပါတယ်။ခွက်တစ်ခုထဲကိုသံပရာသီးညှစ်ထည့်ပြီးကော်ပေနေတဲ့လက်ကို၅မိနစ်/ ၁၀မိနစ်နှစ်ထားပေးပါ။

ဒါမှမဟုတ်သွားပွတ်တံဖြစ်ဖြစ်၊ဂွမ်းနဲ့ဖြစ်ဖြစ်သံပရာရည်ဆွတ်ပြီးကော်ကပ်နေတဲ့နေရာကိုတို့ပွတ်ပါ။အသားမှာကော်ကပ်မိရင်။

အသားမှာကပ်နေတဲ့ကော်တွေကိုဆွဲမခွာသင့်ပါဘူး။အရေပြားကိုသို့မဟုတ်ကော်ကိုညင်သာစွာပွတ်တိုက်တာကပဲအဆင်ပြေမှာပါ။

တချို့ကဒီတိုင်းနေရင်း၊အဝတ်လျှော်၊ပန်းကန်ဆေးရင်းနဲ့ကွာကုန်တာလည်းရှိပါတယ်။ဒါပေမယ့်အရေးကြီးတာကစူပါဂလူးသုံးရင်ပါးစပ်ထဲနဲ့မျက်စိထဲမဝင်ဖို့ပါပဲ။မျက်စိသို့မဟုတ်မျက်ခွံမှာကော်တွေပေရင်အန္တရာယ်ရှိနိုင်ပါတယ်။

နောက်တစ်ချက်အရေးကြီးတာကအရေပြားမှာပေါက်ပြဲမှုရှိခဲ့ရင်ဓာတုပစ္စည်းတွေသုံးပြီးကော်မဖယ်ရှားပါနဲ့။နောက်ဆုံးမရရင်ဆရာဝန်ပြသင့်ပါတယ်။

ခွက်ဒစ် Hello ဆရာဝန်