Zawgyi
Unicode
ပရဟိတတွေကို ကိုယ်ကျိုးကိုမကြည့်ပဲ စွမ်းစွမ်းတမံ ပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတမင်းသားကြီးလို့တောင် ခေါ်ဝေါ်ရသူတစ်ဦးပါ။
လတ်တလောမှာတော့ ဝေဠုကျော်က မွန်ပြည်နယ်၊ သဲဖြူကုန်းရွာ တောင်ပြိုကျမှုဆီသို့ အရေးပေါ် သွားရောက်ကယ်ဆယ်ခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းက
အဖွဲ့သားတွေရဲ့ အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မွန်ပြည်နယ်မှာ တောင်ပြိုကျမှုကြောင့် လူ ၅၀ ကျော်အထိ သေဆုံးသွားပြီလို့လည်း စိတ်မကောင်းစွာ သိရပါတယ်။
မွန်ပြည်နယ်၊ သဲဖြူကုန်းရွာ တောင်ပြိုကျမှုဆီသို့ အရေးပေါ် သွားရောက်ကယ်ဆယ်ခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဝေဠုကျော်ကတော့ “9-8-2019 မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊သဲဖြူကုန်းကျေးရွာ ပေါ်သို့ တောင်ပြိုကျမှု ဆီသို့ ဝေဠုကျော်ဖောင်ဒေးရှင်း
WLK အဖွ့ဲသားများ ရှေ့ပြေး ရောက်ရှိ ကူညီ။ ”ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
တကယ့်ကို ရင်နင့်ဖွယ်ရာ အတိပါပဲ
ချစ်ပရိသတ်တွေလည်း မွန်ပြည်နယ်ကြီး ဘေးကင်းပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။