ဦးလွေဆြ(ဘူးလက္)အား တရားစြဲေထာင္ခ်ႏိုင္ေရး သမၼတထံသို႔ ရန္ကုန္တိုင္း၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းတိုင္ၾကားသည့္စာ ေပါက္ၾကား

Zawgyi

ၾသဂုတ္ ၆ ၊ ၂၀၁၉ ရက္စြဲပါစာျဖင့္ ဦးလွေဆြ(ဘူးလက္)အား တရားစြဲႏိုင္ေရးအတြက္ ႏိုင္ငံေတာ္ သမၼတရံုးသို႔တိုင္ၾကားေသာစာတစ္ေစာင္ NLD ေထာက္ခံသူမ်ားက တင္လွ်က္ရွိသည္။

အဆိုပါစာတြင္ ဦးလွေဆြေျပာၾကားခဲ့သည့္ အခ်က္မ်ားထဲမွ “ျမန္မာႏိုင္ငံတြင္ သမၼတရွိသလို သမၼတအထက္ၾကီးတဲ့ သူလည္းရွိေၾကာင္း၊ ယခုအခ်ိန္မွာ ဘဂၤါလီ ၀င္ေရာက္မႈကို

အားလံုးက လက္မခံဘူးဆိုလွ်င္ ယခင္ေခတ္ကလို စီးပြားေရးပိတ္မွာျဖစ္ေၾကာင္း ဒါလကိုမိမိတို႔ျပည္သူမ်ားကလည္းဂရုမစိုက္မွာ မဟုတ္ပါေၾကာင္း၊ ကေမာၻဒီယားႏိုင္ငံက အေမရိကန္ သံရံုးကို ျပတ္ျပတ္သားသားတုန္႔ျပန္ခဲ့ေသာ္လည္း

မိမိတို႔ျမန္မာႏိုင္ငံတြင္ အေမရိကန္သံုရံုးမွ ေၾကျငာခ်က္ ထုတ္ျပန္တိုင္း ႏိုင္ငံျခားေရး၀န္ၾကီးဌာနဆိုတာ မရွိသလိုျဖစ္ေနေၾကာင္း၊ အေမရိကန္ႏိုင္ငံက မိမိတို႔ႏိုင္ငံကို ဟိုဟာမလုပ္နဲ႕ ဒီဟာမလုပ္နဲ႕ ၁၉၈၁ ခုႏွစ္ဥပေဒကိုဖ်က္လိုက္ပါ

ကေလးသူငယ္ဥပေဒထဲမွာ လက္မွတ္ထိုးျပီး လက္ခံလိုက္ပါဆိုတဲ့ ႏွပ္ေၾကာင္းေပးေျပာဆိုမႈေတြလုပ္ခဲ့တာ အေတာ္ၾကာခဲ့ျပီျဖစ္ေၾကာင္း၊ အဲ့ဒီအတိုင္းဆက္ျပီး အေကာင္ အထည္ေဖာ္ေနတာဟာ လက္ရွိအစိုးရျဖစ္ေၾကာင္း၊

သို႔ေသာ္လည္း အေမရိကန္ကိုဆန္႕က်င္ရႈံ႕ခ်သည့္ အခါတြင္ ျပည္တြင္းပုစိန္ရိုးမ်ားရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ တပ္မေတာ္ အစိုးရလက္ထက္ ၁၉၈၈ ခုႏွစ္အေရးခင္းျဖစ္ခ်ိန္တြင္ အေမရိကန္ေရတပ္က

ျမန္မာေရပိုင္နက္ အတြင္းသို႔ေရာက္ရွိလာသည့္အတြက္ ျမန္မာေရတပ္မွ ျပန္လည္ဆုတ္ခြာဖို႔ သြားေရာက္တားျမစ္ရေၾကာင္း ဗိုလ္ခ်ဳပ္မွဴးၾကီးေစာေမာင္မွ

ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္သံအမတ္ၾကီးအား ေခၚေျပာရာတြင္ သံအမတ္ၾကီးမွ ၎မသိေၾကာင္း ျငိးဆိုခဲ့ေၾကာင္း၊ ဒါေၾကာင့္ အေမရိကန္သည္ ေျဗာင္လိမ္သည့္ႏိုင္ငံျဖစ္ေၾကာင္း၊

အေမရိကန္ကို အားက်ရင္း ယခု အစိုးရမွာလည္း ေျဗာင္လိမ္သည့္အစိုးရျဖစ္လာေၾကာင္း၊ လာဘ္မစားဘူးဆိုျပီး ျပဳတ္တာလည္း အေတာ္မ်ားျပီျဖစ္ေၾကာင္း။

စားလ်က္သားႏွင့္ မျပဳတ္ပဲရွိေနေသးသည့္သူမ်ားလည္း ရွိေနေသးေၾကာင္း (သမၼဆီစာပို႔တဲ့သူေနမွာေပါ့ဗ်ာ)၊

မိမိမွာတပ္မေတာ္မွာ တာ၀န္ထမ္းေဆာင္ခဲ့ျပီး Equipimentကို မိမိအိမ္တြင္ အျမဲခ်ိတ္ထားသလို၊ ယူနီေဖာင္းလည္းအသင့္ျပင္ထားေၾကာင္း၊ ယခုပြဲကိုတက္ေရာက္လာ သူမ်ားသည္လည္း

ႏိုင္ငံအတြက္ဆိုလွ်င္ အသင့္ျပင္ထားျပီး ကေတာင္းၾကိဳက္ မျဖဳတ္ပါႏွင့္ဟု ဗိုလ္ခ်ဳပ္ ေအာင္ဆန္းမွာၾကားသည့္ စကားအတိုင္း ေျပာၾကားလိုေၾကာင္း”ဆိုသည့္ အခ်က္မ်ား ထည့္သြင္းေဖာ္ျပထားသည္။

သမၼတထံပို႔ရသည့္အေၾကာင္းအရင္းမွာ ရာဇသတ္ၾကီးဥပေဒပုဒ္မ ၁၂၄-က ျဖင့္ တရားစြဲမည္ဆိုပါက ရာဇ၀တ္က်င့္ထံုးဥပေဒပုဒ္မ ၁၉၆အရ

ႏိုင္ငံေတာ္သမၼတ၏ အမိန္႔အရျဖစ္ေစ၊ ႏိုင္ငံေတာ္သမၼထံမွ အခြင့္အမိန္႔အရျဖစ္ေစ ထိုကိစၥအလို႔ငွာ ႏိုင္ငံေတာ္သမၼတက အာဏာအပ္ႏွင္း ထားေသာ အရာရွိကျဖစ္ေစ

တိုင္တန္းခ်က္မျပဳဘဲ မည္သည့္တရားရံုးကမွ်အေရးမယူႏိုင္ေသာေၾကာင့္ သမၼတထံမွ အမိန္႔ရရွိေရးအတြက္ စာေပးပို႔ျခင္းျဖစ္သည္ ဘူးလက္ေျပာသြားတဲ့ အခ်က္ဘာမွားလည္းဗ်ာ။

ဒါကို ဦးလွေဆြေျပာတဲ့ အခ်က္ေတြက ႏိုင္ငံေတာ္ရဲ႕ အုပ္ခ်ဳပ္ေရး၊ ျငိမ္းခ်မ္းေရး၊ေဒသဖြံ႕ျဖိဳးေရးလုပ္ငန္းမ်ားအေပၚ ႏိုင္ငံေတာ္ပံုရိပ္ထိခိုက္လို႔ရယ္ ဆိုေတာ့ ေမးစရာရွိလို႔ေနေပသည္။

ဦးျဖိဳးမင္းသိန္းအေနနဲ႕ ဒါေတြကုိသိပါသလား။

(၁) အေမရိကန္သံရံုးက ဘဂၤါလီေတြကို ရိုဟင္ဂ်ာဆိုျပီးသံုးတာကို ႏိုင္ငံျခားေရး၀န္ၾကီးဌာနက မကန္႔ကြက္လို႔ ျပည္သူေတြ အေမရိကန္သံရံုးေရွ႕သြားေရာက္ဆႏၵျပတာကို ႏိုင္ငံေတာ္အၾကည္အျငိဳ ပ်က္ေစမႈနဲ႕ ဖမ္းဆီးေထာင္ခ်တာ ဘယ္အစိုးရပါလဲ။

(၂) မိမိႏိုင္ငံအေရးေဆာင္ရြက္ေနတဲ့ ႏိုင္ငံသစၥေဖာက္ ၀လံုးတို႔ရံုးခ်ိန္းမွာ အေမရိကန္၀င္စြက္ ဖက္ႏိုင္ေအာင္တရားရံုးထဲ၀င္ခြင့္ျပဳတာ ဘယ္အစိုးရပါလဲ။

(၃) အစၥလာမ္ ဘာသာအေပၚ ပုတ္ခတ္ေဟာေျပာခ့ဲသည္ဟုဆိုကာ ဦးလွေဆြ(ဘူးလက္)အား သာသနာ ညိဳးႏြမ္းေစမႈ ပုဒ္မ ၂၉၅(က)ျဖင့္ ေက်ာက္တံတားၿမိဳ႕နယ္တြင္သာ အစၥလာမ္ ဘာသာေရး ေခါင္းေဆာင္ ဦးစန္းေအာင္က တရားစြဲဆိုတာက်ေတာ့ရျပီး

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံရုံး၏ Facebook စာမ်က္နွာတြင္ ေဖာ္ျပထားတဲ့ ဗုဒၶျမတ္စြာဘုရား၏မ်က္နွာေတာ္အား အသက္ရွဴကိရိယာ တပ္ဆင္ထားတဲ႔ ပုံစံေရးဆြဲထားတဲ႔အေပၚ ျမန္မာနိုင္ငံက

ဗုဒၶဘာသာဝင္မ်ားစြာဟာ သံ႐ံုး post ေအာက္မွာ မေက်နပ္တဲ႔မွတ္ခ်က္မ်ား ျပန္လည္တုံ႔ျပန္ေရးသားခဲ႔ျကဗုဒၶပန္းခ်ီကားဟာ ဘာသာတရားအရ လက္ခံနိုင္စရာ မရွိတဲ႔အတြက္ ျပင္းထန္စြာ ေဝဖန္ခံက်တယ္။

ဒါေၾကာင့္ အေမရိကန္သံရံုးကိုတရားစြဲေတာ့ တရားရံုးမွာ ပလပ္လိုက္တာ ဘယ္အစိုးရပါလဲ။ ေမးပါမည္။ ျမန္မာႏိုင္ငံဟာ အေမရိကန္ရဲ႕စစ္ရႈံးႏိုင္ငံ(သို႔မဟုတ္) ကၽြန္ႏိုင္ငံလား။

သူတို႔ခိုင္းတိုင္း လိုက္လုပ္ေနလို႔ ကိုယ့္လူမ်ိဳးကေထာက္ျပေျပာဆိုတာကို တရားစြဲတယ္ဆိုေတာ့ ခင္ဗ်ားတို႔အစိုးရဟာ တိုင္းျပည္နဲ႕ လူမ်ိဳးအတြက္လုပ္ေနတာလား အေမရိကန္ရဲ႕ကၽြန္အစိုးရျဖစ္ေနတာလားဆိုတာ စဥ္းစားၾကည့္ေပါ့ဗ်ာ။

ဦးလွေဆြေျပာတဲ့ ျပည္တြင္းပုစိန္ရိုးနဲ႕ စားလ်က္သားႏွင့္ မျပဳတ္ပဲရွိေနေသးသည့္ သူမ်ားလည္း ရွိေနေသးတယ္ဆိုတာ ဘယ္သူလဲဆိုတာ ဦးေဏွာက္ပါတဲ့သူတိုင္း သတင္းေတြ ဖတ္ေနတဲ့ သူတိုင္းသိက်မွာပါ။ ခရက္ဒစ္

Unicode

သြဂုတ် ၆ ၊ ၂၀၁၉ ရက်စွဲပါစာဖြင့် ဦးလှဆွေ(ဘူးလက်)အား တရားစွဲနိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးသို့တိုင်ကြားသောစာတစ်စောင် NLD ထောက်ခံသူများက တင်လျှက်ရှိသည်။

အဆိုပါစာတွင် ဦးလှဆွေပြောကြားခဲ့သည့် အချက်များထဲမှ “မြန်မာနိုင်ငံတွင် သမ္မတရှိသလို သမ္မတအထက်ကြီးတဲ့ သူလည်းရှိကြောင်း၊ ယခုအချိန်မှာ ဘင်္ဂါလီ ဝင်ရောက်မှုကို

အားလုံးက လက်မခံဘူးဆိုလျှင် ယခင်ခေတ်ကလို စီးပွားရေးပိတ်မှာဖြစ်ကြောင်း ဒါလကိုမိမိတို့ပြည်သူများကလည်းဂရုမစိုက်မှာ မဟုတ်ပါကြောင်း၊ ကမ္ဘောဒီယားနိုင်ငံက အမေရိကန် သံရုံးကို ပြတ်ပြတ်သားသားတုန့်ပြန်ခဲ့သော်လည်း

မိမိတို့မြန်မာနိုင်ငံတွင် အမေရိကန်သုံရုံးမှ ကြေငြာချက် ထုတ်ပြန်တိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနဆိုတာ မရှိသလိုဖြစ်နေကြောင်း၊ အမေရိကန်နိုင်ငံက မိမိတို့နိုင်ငံကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ၁၉၈၁ ခုနှစ်ဥပဒေကိုဖျက်လိုက်ပါ

ကလေးသူငယ်ဥပဒေထဲမှာ လက်မှတ်ထိုးပြီး လက်ခံလိုက်ပါဆိုတဲ့ နှပ်ကြောင်းပေးပြောဆိုမှုတွေလုပ်ခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ကြောင်း၊ အဲ့ဒီအတိုင်းဆက်ပြီး အကောင် အထည်ဖော်နေတာဟာ လက်ရှိအစိုးရဖြစ်ကြောင်း၊

သို့သော်လည်း အမေရိကန်ကိုဆန့်ကျင်ရှုံ့ချသည့် အခါတွင် ပြည်တွင်းပုစိန်ရိုးများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် တပ်မတော် အစိုးရလက်ထက် ၁၉၈၈ ခုနှစ်အရေးခင်းဖြစ်ချိန်တွင် အမေရိကန်ရေတပ်က

မြန်မာရေပိုင်နက် အတွင်းသို့ရောက်ရှိလာသည့်အတွက် မြန်မာရေတပ်မှ ပြန်လည်ဆုတ်ခွာဖို့ သွားရောက်တားမြစ်ရကြောင်း ဗိုလ်ချုပ်မှူးကြီးစောမောင်မှ

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအား ခေါ်ပြောရာတွင် သံအမတ်ကြီးမှ ၎င်းမသိကြောင်း ငြိးဆိုခဲ့ကြောင်း၊ ဒါကြောင့် အမေရိကန်သည် ဗြောင်လိမ်သည့်နိုင်ငံဖြစ်ကြောင်း၊

အမေရိကန်ကို အားကျရင်း ယခု အစိုးရမှာလည်း ဗြောင်လိမ်သည့်အစိုးရဖြစ်လာကြောင်း၊ လာဘ်မစားဘူးဆိုပြီး ပြုတ်တာလည်း အတော်များပြီဖြစ်ကြောင်း။

စားလျက်သားနှင့် မပြုတ်ပဲရှိနေသေးသည့်သူများလည်း ရှိနေသေးကြောင်း (သမ္မဆီစာပို့တဲ့သူနေမှာပေါ့ဗျာ)၊

မိမိမှာတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Equipimentကို မိမိအိမ်တွင် အမြဲချိတ်ထားသလို၊ ယူနီဖောင်းလည်းအသင့်ပြင်ထားကြောင်း၊ ယခုပွဲကိုတက်ရောက်လာ သူများသည်လည်း

နိုင်ငံအတွက်ဆိုလျှင် အသင့်ပြင်ထားပြီး ကတောင်းကြိုက် မဖြုတ်ပါနှင့်ဟု ဗိုလ်ချုပ် အောင်ဆန်းမှာကြားသည့် စကားအတိုင်း ပြောကြားလိုကြောင်း”ဆိုသည့် အချက်များ ထည့်သွင်းဖော်ပြထားသည်။

သမ္မတထံပို့ရသည့်အကြောင်းအရင်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-က ဖြင့် တရားစွဲမည်ဆိုပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆အရ

နိုင်ငံတော်သမ္မတ၏ အမိန့်အရဖြစ်စေ၊ နိုင်ငံတော်သမ္မထံမှ အခွင့်အမိန့်အရဖြစ်စေ ထိုကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက အာဏာအပ်နှင်း ထားသော အရာရှိကဖြစ်စေ

တိုင်တန်းချက်မပြုဘဲ မည်သည့်တရားရုံးကမျှအရေးမယူနိုင်သောကြောင့် သမ္မတထံမှ အမိန့်ရရှိရေးအတွက် စာပေးပို့ခြင်းဖြစ်သည် ဘူးလက်ပြောသွားတဲ့ အချက်ဘာမှားလည်းဗျာ။

ဒါကို ဦးလှဆွေပြောတဲ့ အချက်တွေက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် နိုင်ငံတော်ပုံရိပ်ထိခိုက်လို့ရယ် ဆိုတော့ မေးစရာရှိလို့နေပေသည်။

ဦးဖြိုးမင်းသိန်းအနေနဲ့ ဒါတွေကိုသိပါသလား။

(၁) အမေရိကန်သံရုံးက ဘင်္ဂါလီတွေကို ရိုဟင်ဂျာဆိုပြီးသုံးတာကို နိုင်ငံခြားရေးဝန်ကြီးဌာနက မကန့်ကွက်လို့ ပြည်သူတွေ အမေရိကန်သံရုံးရှေ့သွားရောက်ဆန္ဒပြတာကို နိုင်ငံတော်အကြည်အငြို ပျက်စေမှုနဲ့ ဖမ်းဆီးထောင်ချတာ ဘယ်အစိုးရပါလဲ။

(၂) မိမိနိုင်ငံအရေးဆောင်ရွက်နေတဲ့ နိုင်ငံသစ္စဖောက် ဝလုံးတို့ရုံးချိန်းမှာ အမေရိကန်ဝင်စွက် ဖက်နိုင်အောင်တရားရုံးထဲဝင်ခွင့်ပြုတာ ဘယ်အစိုးရပါလဲ။

(၃) အစ္စလာမ် ဘာသာအပေါ် ပုတ်ခတ်ဟောပြောခဲ့သည်ဟုဆိုကာ ဦးလှဆွေ(ဘူးလက်)အား သာသနာ ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် ကျောက်တံတားမြို့နယ်တွင်သာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဦးစန်းအောင်က တရားစွဲဆိုတာကျတော့ရပြီး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြထားတဲ့ ဗုဒ္ဓမြတ်စွာဘုရား၏မျက်နှာတော်အား အသက်ရှူကိရိယာ တပ်ဆင်ထားတဲ့ ပုံစံရေးဆွဲထားတဲ့အပေါ် မြန်မာနိုင်ငံက

ဗုဒ္ဓဘာသာဝင်များစွာဟာ သံရုံး post အောက်မှာ မကျေနပ်တဲ့မှတ်ချက်များ ပြန်လည်တုံ့ပြန်ရေးသားခဲ့ကြဗုဒ္ဓပန်းချီကားဟာ ဘာသာတရားအရ လက်ခံနိုင်စရာ မရှိတဲ့အတွက် ပြင်းထန်စွာ ဝေဖန်ခံကျတယ်။

ဒါကြောင့် အမေရိကန်သံရုံးကိုတရားစွဲတော့ တရားရုံးမှာ ပလပ်လိုက်တာ ဘယ်အစိုးရပါလဲ။ မေးပါမည်။ မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့စစ်ရှုံးနိုင်ငံ(သို့မဟုတ်) ကျွန်နိုင်ငံလား။

သူတို့ခိုင်းတိုင်း လိုက်လုပ်နေလို့ ကိုယ့်လူမျိုးကထောက်ပြပြောဆိုတာကို တရားစွဲတယ်ဆိုတော့ ခင်ဗျားတို့အစိုးရဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်နေတာလား အမေရိကန်ရဲ့ကျွန်အစိုးရဖြစ်နေတာလားဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။

ဦးလှဆွေပြောတဲ့ ပြည်တွင်းပုစိန်ရိုးနဲ့ စားလျက်သားနှင့် မပြုတ်ပဲရှိနေသေးသည့် သူများလည်း ရှိနေသေးတယ်ဆိုတာ ဘယ်သူလဲဆိုတာ ဦးဏှောက်ပါတဲ့သူတိုင်း သတင်းတွေ ဖတ်နေတဲ့ သူတိုင်းသိကျမှာပါ။ ခရက်ဒစ်