
Zawgyi










Unicode

Best Booth ဆုရယူပေးခဲ့တဲ့ ဓါတ်ပုံဆရာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ခုလိုပြောထားခဲ့တာပါ။

ကမ္ဘာကျော်ပြန်ပြီအမေ။ တောင်ကိုးရီးယားမှာ အမေနဲ့ဆံရစ်ဝိုင်းလေးပုံ အကောင်းဆုံး Best Booth ဆုရရှိခဲ့ပြီ။

Congratulations ပါ အေမဝမ်းသာဂုဏ်ယူပါတယ်ခဗျာ။

မိမိနိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေနိုင်သလောက် ကူညီပေးခဲ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

၂၀၁၉ခုနှစ် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပတဲ့ သိပ္ပံ နှင့် နည်းပညာဆိုင်ရာ အာရှ နှင့် ပစိဖိတ် ဒေသတွင်းရှိ အမျိုးသမီးများတွေ့ဆုံ ဆွေးနွေးပွဲမှာ နိုင်ငံအလိုက်မိမိနိုင်ငံကို ကိုယ်စားပြုသည့်ပစ္စည်းများကို ပြသခဲ့ ကြပါတယ်။

မြန်မာနိုင်ငံမှ အကောင်းဆုံး Best Booth ဆုကို ရရှိခဲ့တာကြားသိရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ရပြီး မကွေးတိုင်း ခရီးစဉ်သွားတုန်းက

ဆံရစ်ဝိုင်းရွာမှ ကလေးမလေး အမေစုကို ဖက်နေတဲ့ဓါတ်ပုံကိုပါ ပြသဖို့ ကျနော့် ကို ခွင့်တောင်းခဲ့တယ်။

ုယခုလိုမျိုး နိုင်ငံကိုယ်စားပြု ပစ္စည်းများပြသနိုင်ခြင်း အကောင်းဆုံးဆု Best Booth ဆုကို မြန်မာနိုင်ငံမှရရှိခဲ့ တာကိုကြားသိရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။

ဓါတ်ပုံ – မောင်သိန်း(ဒဿနိက)