တိုက္ခန္းေတြကိုပစ္မွတ္ထား လိုက္လိမ္ေနတာတဲ႔ သတိထားၾကပါ

Zawgyi

တိုက္ခန္းေတြကို ပစ္မွတ္ထား လိုက္လိမ္ေနတာပါ အဝတ္လိုက္ေလ်ွာ္တယ္ လို႔ ေျပာပါတယ္။

ကေလးကလည္း ဟယ္လ္ပင္ေဆးရံုမွာ တင္ထားရလို႔ ေဆးဝယ္ဖို႔ ေငြလိုေနလို႔ ခု ေဘးခန္းကို အဝတ္ေလ်ွာ္ခလာေတာင္းတာ မရလို႔ဆိုျပီး ေဆးစာရြက္ ထုတ္ျပပါတယ္။

ေဆးစာရြက္သာ ေျပာတာပါ ေဆးရံုတံဆိပ္ ဘာညာ ဘာမွမပါဘူး။ မွတ္မိသေလာက္ ႏွာေခါင္းစည္းရယ္ ဂလူးကို႔စ္ရယ္ က်န္တဲ့ ေဆး၂မ်ိဳးရယ္ စုစုေပါင္း ၄ မ်ိဳးပါပဲ အကုန္ျမန္မာစာလိုေရးထားတယ္။

ဘယ္ေဆးရံုမွ ဆရာဝန္က ဝယ္ရမယ့္ေဆးကို ျမန္မာစာလံုးေပါင္းနဲ႔ ေရးမေပးတာ။ ေဆးရံုတက္ဖူးသူတိုင္း သိျကပါလိမ့္မယ္။ အာ့အခ်ိန္ေတာ့ ကိုယ္လဲ ဒါကိုမစဥ္းစားမိဘူး။

သူက ခု ေဆးဝယ္ဖို႔ ေငြလိုေနလို႔ က်ေနာ့ကို ေငြစိုက္ေပးလိုက္ဖို႔ ျပီးရင္ ေဘးခန္းက လူေတြဆီက ျပန္ေတာင္းယူဖို႔ ေျပာပါတယ္။

ကိုယ္လဲ ေဆးရံုတက္ဖူးေတာ့ ကိုယ္ခ်င္းစာလို႔ လိုအပ္တဲ့ေငြကို ကူညီေပးလိုက္ပါတယ္။ ေဘးခန္းက လူေတြျပန္လာမွ ေမးျကည့္ေတာ့ သူတို႔က အဝတ္ကို ကိုယ္တိုင္ေလ်ွာ္တာပါတဲ့။

တစ္ခါမွ လူငွားမေလ်ွာ္ဖူးဘူးဆိုျပီးေျပာပါတယ္ အာ့ခါက်မွ ဒါလိမ္နည္းတစ္မ်ိဳးပါလားဆိုျပီး သိလိုက္လို႔ Fb ေပၚေတာင္တင္လိုက္ေသးတယ္။

အာ့တုန္းက တကယ္ထင္ျပီး ေပးလိုက္ေတာ့ စာသားခ်ည္းသက္သက္ တင္လိုက္မိတယ္ သူ႔ပံုကို မရိုက္ထားမိလိုက္ဘူး။

ခုလည္း မမွတ္မိေလာက္ဘူးထင္ျပီး ဒီအတိုင္းပဲ လာထပ္လိမ္တယ္ လိမ္တဲ့အိမ္ေတြ မ်ားေနလို႔ အိမ္ေတြကို မမွတ္မိတာလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

အရင္ပံုစံ အတိုင္းပဲ ေျပာလိမ္တာပါ က်ေနာ္က သူ႔ကို မွတ္မိေနလို႔ ရဲတိုင္မယ္ဆိုမွ ေျပးဆင္းသြားပါတယ္။

လူေတြရဲ႕ သနားစိတ္ကို ခုတံုးလုပ္ျပီး တစ္အိမ္တက္ တစ္အိမ္ဆင္း လိုက္လိမ္ေနတာပါ မမွတ္မိေလာက္ဘူး ထင္ျပီး ထပ္လာလိမ္တာပါ တခါပဲ ရမယ္ လူလိမ္အန္တီေရ။

ေငြေလး 6000 နဲ႔ဆိုျပီး လာမေျပာပါနဲ႔ တစ္အိမ္ထဲ လိုက္လိမ္မယ္မထင္ေလနဲ႔ အိမ္ေပါက္ေစ့ လိုက္လိမ္ေနမွာဆိုေတာ့ တစ္အိမ္ 6000 နဲ႔ တေနကုန္ဆို တြက္သာျကည့္။

ဘယ္ေလာက္တြက္ေျခကိုက္လို႔ ရွာမစားဘဲ အျမဲ လိမ္စားေနတယ္ဆိုတာ အသိသာျကီးပါ။

ငိုမဲ့မဲ့ အမူအရာနဲ႔ အိုက္တင္ကြ်မ္းပါေသးတယ္ သနားမိလို႔ကေတာ့ ပါျပီသာမွတ္။

တစ္ခါလာလိမ္တာ ခံေပးလိုက္မယ္ ေနာက္တခါလာလိမ္တာမ်ိဳးကေတာ့ ကြ်န္ေတာ္လံုးဝ သည္းမခံနိုင္ဘူး။ရွိဳင္းထြန္းေဇာ္

Unicode

တိုက်ခန်းတွေကို ပစ်မှတ်ထား လိုက်လိမ်နေတာပါ အဝတ်လိုက်လျှော်တယ် လို့ ပြောပါတယ်။

ကလေးကလည်း ဟယ်လ်ပင်ဆေးရုံမှာ တင်ထားရလို့ ဆေးဝယ်ဖို့ ငွေလိုနေလို့ ခု ဘေးခန်းကို အဝတ်လျှော်ခလာတောင်းတာ မရလို့ဆိုပြီး ဆေးစာရွက် ထုတ်ပြပါတယ်။

ဆေးစာရွက်သာ ပြောတာပါ ဆေးရုံတံဆိပ် ဘာညာ ဘာမှမပါဘူး။ မှတ်မိသလောက် နှာခေါင်းစည်းရယ် ဂလူးကို့စ်ရယ် ကျန်တဲ့ ဆေး၂မျိုးရယ် စုစုပေါင်း ၄ မျိုးပါပဲ အကုန်မြန်မာစာလိုရေးထားတယ်။

ဘယ်ဆေးရုံမှ ဆရာဝန်က ဝယ်ရမယ့်ဆေးကို မြန်မာစာလုံးပေါင်းနဲ့ ရေးမပေးတာ။ ဆေးရုံတက်ဖူးသူတိုင်း သိကြပါလိမ့်မယ်။ အာ့အချိန်တော့ ကိုယ်လဲ ဒါကိုမစဉ်းစားမိဘူး။

သူက ခု ဆေးဝယ်ဖို့ ငွေလိုနေလို့ ကျနော့ကို ငွေစိုက်ပေးလိုက်ဖို့ ပြီးရင် ဘေးခန်းက လူတွေဆီက ပြန်တောင်းယူဖို့ ပြောပါတယ်။

ကိုယ်လဲ ဆေးရုံတက်ဖူးတော့ ကိုယ်ချင်းစာလို့ လိုအပ်တဲ့ငွေကို ကူညီပေးလိုက်ပါတယ်။ ဘေးခန်းက လူတွေပြန်လာမှ မေးကြည့်တော့ သူတို့က အဝတ်ကို ကိုယ်တိုင်လျှော်တာပါတဲ့။

တစ်ခါမှ လူငှားမလျှော်ဖူးဘူးဆိုပြီးပြောပါတယ် အာ့ခါကျမှ ဒါလိမ်နည်းတစ်မျိုးပါလားဆိုပြီး သိလိုက်လို့ Fb ပေါ်တောင်တင်လိုက်သေးတယ်။

အာ့တုန်းက တကယ်ထင်ပြီး ပေးလိုက်တော့ စာသားချည်းသက်သက် တင်လိုက်မိတယ် သူ့ပုံကို မရိုက်ထားမိလိုက်ဘူး။

ခုလည်း မမှတ်မိလောက်ဘူးထင်ပြီး ဒီအတိုင်းပဲ လာထပ်လိမ်တယ် လိမ်တဲ့အိမ်တွေ များနေလို့ အိမ်တွေကို မမှတ်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အရင်ပုံစံ အတိုင်းပဲ ပြောလိမ်တာပါ ကျနော်က သူ့ကို မှတ်မိနေလို့ ရဲတိုင်မယ်ဆိုမှ ပြေးဆင်းသွားပါတယ်။

လူတွေရဲ့ သနားစိတ်ကို ခုတုံးလုပ်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လိမ်နေတာပါ မမှတ်မိလောက်ဘူး ထင်ပြီး ထပ်လာလိမ်တာပါ တခါပဲ ရမယ် လူလိမ်အန်တီရေ။

ငွေလေး 6000 နဲ့ဆိုပြီး လာမပြောပါနဲ့ တစ်အိမ်ထဲ လိုက်လိမ်မယ်မထင်လေနဲ့ အိမ်ပေါက်စေ့ လိုက်လိမ်နေမှာဆိုတော့ တစ်အိမ် 6000 နဲ့ တနေကုန်ဆို တွက်သာကြည့်။

ဘယ်လောက်တွက်ခြေကိုက်လို့ ရှာမစားဘဲ အမြဲ လိမ်စားနေတယ်ဆိုတာ အသိသာကြီးပါ။

ငိုမဲ့မဲ့ အမူအရာနဲ့ အိုက်တင်ကျွမ်းပါသေးတယ် သနားမိလို့ကတော့ ပါပြီသာမှတ်။

တစ်ခါလာလိမ်တာ ခံပေးလိုက်မယ် နောက်တခါလာလိမ်တာမျိုးကတော့ ကျွန်တော်လုံးဝ သည်းမခံနိုင်ဘူး။ရှိုင်းထွန်းဇော်