ကရင္ျပည္နယ္ လႈိင္းဘြဲ႕ၿမိဳ႕က ေရေဘးသင့္ျပည္သူမ်ားအတြက္ ရံပံုေငြ က်ပ္ငါးသိန္း မတည္ကာ သြားေရာက္လွဴဒါန္းမယ့္ ခုိင္ႏွင္းေ၀

Zawgyi

မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ျမန္မာျပည္အႏွံ႕အျပားမွာ ေရၾကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနၿပီး ေျမၿပိဳမႈမ်ားပါ ျဖစ္ေပၚေနတာေၾကာင့္ လူေသမႈမ်ား၊ ေပ်ာက္ဆံုးမႈမ်ားပါ ျဖစ္ေပၚေနခဲ့ပါတယ္။

ဒီအတြက္ ျပည္သူလူထုအားလံုးက စိတ္မေကာင္းျဖစ္ေနၾကသလို ေမတၱာမ်ားလည္း ပို႕သေနခဲ့ၾကပါတယ္။

အႏုပညာရွင္မ်ားကလည္း ၀ိုင္း၀န္းဆုေတာင္းေနၾကၿပီး ေရေဘးအလွဴအတြက္လည္း အလွဴေငြမ်ား မတည္ေပးခဲ့ၾကပါတယ္။

ခိုင္ႏွင္းေ၀ကေတာ့ ကရင္ျပည္နယ္ လႈိင္းဘြဲ႕ၿမိဳ႕က ေရေဘးသင့္ျပည္သူမ်ားအတြက္ ရံပံုေငြ က်ပ္ငါးသိန္း မတည္ကာ တိုက္ရိုက္သြားလွဴမွာ ျဖစ္ပါတယ္။

ခုိင္ႏွင္းေ၀က “ကရင္ျပည္နယ္ လိႈင္းဘြဲ႕ၿမိဳ႕နယ္ ေဒၚလန္းေက်းရြာအုပ္စု မွေရေဘးသင့္ျပည္သူမ်ားသို႔ က်မရဲ႕ ခိုင္ႏွင္းေဝပရဟိတအသင္းမွ သဘာဝေဘးအႏၱရာယ္မ်ားအတြက္ရံပံုေငြထဲမွ ၅၀၀၀၀၀ မတည္ကာ သြားေရာက္လွဴဒါန္းမွာျဖစ္ပါတယ္ရွင္

ေဒၚလန္းေက်းရြာအုပ္စု အိမ္ေျခ စုစုေပါင္း ၁၁၄၃ စု အိမ္ေထာင္စုတစ္စုလၽွင္ ဆန္ ၅ျပည္ (တစ္ျပည္ ၁၀၀၀ေထာင္ ႏႈန္း×၅ = ၅၀၀၀က်ပ္ ) ဆီ၁လီတာ ၂ဗူး ( ၁ဗူး၈၀၀က်ပ္×၂ = ၁၆၀၀က်ပ္)

ငါးေသတၱာ — ၁၀ဗူး ( တစ္ဗူး၃၅၀က်ပ္×၁၀ = ၃၅၀၀က်ပ္) ေရသန္႔၁လီတာ — ၁ကဒ္ ( ၈၅၀က်ပ္) မုန္႔ေျခာက္ — ၂ထုပ္ (တစ္ထုပ္ ၇၀၀ က်ပ္×၂ = ၁၄၀၀က်ပ္)

အိမ္ေထာင္စုတစ္စုလၽွင္စုစုေပါင္း = ၁၂,၃၅၀ က်ပ္ႏႈန္းျဖင့္ ေရေဘးသင့္ကာကယံရွင္ျပည္သူမ်ားထံသို႔ တိုက္ရိုက္လွဴဒါန္းသြားမွာျဖစ္ပါတယ္

က်မရဲ႕ fb messenger ႏွင့္ အသင္းဖုန္းမ်ားသို႔ ပါဝင္လွဴဒါန္းခ်င္တယ္ဆိုၿပီးဆက္သြယ္ထားေသာ အလွဴရွင္မ်ားအားလံုးလည္း အခုေဖာ္ျပထားသည့္ႏႈန္းထားအတိုင္း

မိမိလွဴဒါန္းလိုေသာ အိမ္ေထာင္စုအေရအတြက္အတိုင္းလွဴဒါန္းႏိုင္ပါတယ္ ေရေဘးသင့္ျပည္သူမ်ားအားလံုး အခက္အခဲမ်ားမွအျမန္ဆံုးကင္းေဝးႏိုင္ၾကပါေစရွင္

ခိုင္ႏွင္းေဝပရဟိတအသင္း” ဆုိၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ခိုင္ႏွင္းေ၀ရဲ႕ အလွဴေလးက ၾကားရသူတုိင္းကို ၀မ္းသာပီတိျဖစ္ေစၿပီး ေမတၱာမ်ား ျပန္လည္ပို႕သေပးခဲ့ၾကပါတယ္။

ပရိသတ္ၾကီးလည္း ခိုင္ႏွင္းေ၀ရဲ႕ အလွဴမွာ ပါ၀င္ခ်င္ရင္ ခုိင္ႏွင္းေ၀ရဲ႕ fb messenger ႏွင့္ အသင္းဖုန္းမ်ားကို ဆက္သြယ္လွဴဒါန္းႏိုင္ပါတယ္ေနာ္။

ေရေဘးသင့္ေနၾကေသာ ျပည္သူမ်ားအားလံုး က်န္းမာၾကၿပီး အခက္အခဲမ်ားထဲက အျမန္ဆံုး ကင္းေ၀းႏိုင္ၾကပါေစလုိ႕ ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာပြည်အနှံ့အပြားမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြေပြိုမှုများပါ ဖြစ်ပေါ်နေတာကြောင့် လူသေမှုများ၊ ပျောက်ဆုံးမှုများပါ ဖြစ်ပေါ်နေခဲ့ပါတယ်။

ဒီအတွက် ပြည်သူလူထုအားလုံးက စိတ်မကောင်းဖြစ်နေကြသလို မေတ္တာများလည်း ပို့သနေခဲ့ကြပါတယ်။

အနုပညာရှင်များကလည်း ဝိုင်းဝန်းဆုတောင်းနေကြပြီး ရေဘေးအလှူအတွက်လည်း အလှူငွေများ မတည်ပေးခဲ့ကြပါတယ်။

ခိုင်နှင်းဝေကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေ ကျပ်ငါးသိန်း မတည်ကာ တိုက်ရိုက်သွားလှူမှာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက “ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒေါ်လန်းကျေးရွာအုပ်စု မှရေဘေးသင့်ပြည်သူများသို့ ကျမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းမှ သဘာဝဘေးအန္တရာယ်များအတွက်ရံပုံငွေထဲမှ ၅၀၀၀၀၀ မတည်ကာ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်ရှင်

ဒေါ်လန်းကျေးရွာအုပ်စု အိမ်ခြေ စုစုပေါင်း ၁၁၄၃ စု အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ပြည် (တစ်ပြည် ၁၀၀၀ထောင် နှုန်း×၅ = ၅၀၀၀ကျပ် ) ဆီ၁လီတာ ၂ဗူး ( ၁ဗူး၈၀၀ကျပ်×၂ = ၁၆၀၀ကျပ်)

ငါးသေတ္တာ — ၁၀ဗူး ( တစ်ဗူး၃၅၀ကျပ်×၁၀ = ၃၅၀၀ကျပ်) ရေသန့်၁လီတာ — ၁ကဒ် ( ၈၅၀ကျပ်) မုန့်ခြောက် — ၂ထုပ် (တစ်ထုပ် ၇၀၀ ကျပ်×၂ = ၁၄၀၀ကျပ်)

အိမ်ထောင်စုတစ်စုလျှင်စုစုပေါင်း = ၁၂,၃၅၀ ကျပ်နှုန်းဖြင့် ရေဘေးသင့်ကာကယံရှင်ပြည်သူများထံသို့ တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်

ကျမရဲ့ fb messenger နှင့် အသင်းဖုန်းများသို့ ပါဝင်လှူဒါန်းချင်တယ်ဆိုပြီးဆက်သွယ်ထားသော အလှူရှင်များအားလုံးလည်း အခုဖော်ပြထားသည့်နှုန်းထားအတိုင်း

မိမိလှူဒါန်းလိုသော အိမ်ထောင်စုအရေအတွက်အတိုင်းလှူဒါန်းနိုင်ပါတယ် ရေဘေးသင့်ပြည်သူများအားလုံး အခက်အခဲများမှအမြန်ဆုံးကင်းဝေးနိုင်ကြပါစေရှင်

ခိုင်နှင်းဝေပရဟိတအသင်း” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ခိုင်နှင်းဝေရဲ့ အလှူလေးက ကြားရသူတိုင်းကို ဝမ်းသာပီတိဖြစ်စေပြီး မေတ္တာများ ပြန်လည်ပို့သပေးခဲ့ကြပါတယ်။

ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူမှာ ပါဝင်ချင်ရင် ခိုင်နှင်းဝေရဲ့ fb messenger နှင့် အသင်းဖုန်းများကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်။

ရေဘေးသင့်နေကြသော ပြည်သူများအားလုံး ကျန်းမာကြပြီး အခက်အခဲများထဲက အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။