အရက္မူးၿပီး ဓားကိုင္ေသာင္းၾကမ္းသူ အစ္ကိုအား ညီျဖစ္သူက ျမက္ခုတ္ဓားျဖင့္ ခုတ္သတ္

Zawgyi

ဧရာဝတီတိုင္းေဒသႀကီး၊ပုသိမ္ခရိုင္၊ေက်ာင္းကုန္းၿမိဳ႕နယ္၊စံပါယ္႐ုံအုပ္စု၊တာကုန္းေက်း႐ြာတြင္ ယမန္ေန႕ည ၁၀ နာရီအခ်ိန္ခန႔္၌

အရက္မူးၿပီး ဓားကိုင္ေသာင္းၾကမ္းသူအစ္ကိုအား ညီျဖစ္သူကျမက္ခုတ္ဓားျဖင့္ ခုတ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ တရားလို ဒုရဲအုပ္လွမိုးသည္ လွည္းဆိပ္ရဲကင္းစခန္းတြင္ ရဲကင္းမႉးတာဝန္ ေဆာင္႐ြက္ေနစဥ္ စံပါယ္႐ုံအုပ္စု၊တာကုန္းေက်း႐ြာေန

တင္ဆန္းဝင္း(ခ)ဖိုးခြား(၂၉)ႏွစ္မွာ ဓာဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူသြားေရာက္စစ္ေဆးရာ

၎၏ေနအိမ္ေရွ႕ခန္း ၾကမ္းျပင္ေပၚတြင္ ေမွာက္လ်က္ ေသြးမ်ားထြက္ကာ ေသဆုံးေနေၾကာင္း၊ ၎ႏွင့္အတူေနထိုင္သူဖခင္ႏွင့္ ညီျဖစ္သူတို႔ ေပ်ာက္ဆုံးေနေၾကာင္း ေတြ႕ရွိရသည္။

ေမးျမန္းၾကည့္ရာ ေသဆုံးသူသည္ ည၁၀ နာရီအခ်ိန္ခန႔္က အရက္မူးၿပီး ဓားကိုင္ကာ ေနအိမ္ရွိ မိသားစုမ်ားအား ရမ္းကားေသာေၾကာင့္ ႐ြာ အျပင္ရွိ ေဆြမ်ိဳးမ်ားထံ

သြားေရာက္တိမ္းေရွာင္ေနေၾကာင္းႏွင့္ ညီျဖစ္သူ သန္းေဇာ္ဦး(၂၇)ႏွစ္ မွာေသဆုံးသူႏွင့္အျပန္အလွန္ ေအာ္ဟစ္စကားမ်ား ရန္ျဖစ္ေၾကာင္း သတင္းအရ လိုက္လံရွာေဖြရာ

အခင္းျဖစ္ေနအိမ္ေနာက္ဘက္ငွက္ေပ်ာေတာအတြင္းေတြ႕ရွိ၍ ဖမ္းဆီးကာ သက္ေသမ်ားေရွ႕တြင္ ျမက္ခုတ္ဓားအား အပ္ႏွံခဲ့ေၾကာင္း၊ မိသားစုအား အႀကိမ္ႀကိမ္ ေစာ္ကားခဲ့မႈမ်ားေၾကာင့္

ညီအရင္းမွ မခံနိုင္၍ ျမက္ခုတ္ဓားျဖင့္ ခုတ္သတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္႐ြက္ထားေၾကာင္း ၿမိဳ႕မရဲစခန္းက သိရသည္။

Unicode

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊စံပါယ်ရုံအုပ်စု၊တာကုန်းကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီအချိန်ခန့်၌

အရက်မူးပြီး ဓားကိုင်သောင်းကြမ်းသူအစ်ကိုအား ညီဖြစ်သူကမြက်ခုတ်ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ တရားလို ဒုရဲအုပ်လှမိုးသည် လှည်းဆိပ်ရဲကင်းစခန်းတွင် ရဲကင်းမှူးတာဝန် ဆောင်ရွက်နေစဉ် စံပါယ်ရုံအုပ်စု၊တာကုန်းကျေးရွာနေ

တင်ဆန်းဝင်း(ခ)ဖိုးခွား(၂၉)နှစ်မှာ ဓာဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ

၎င်း၏နေအိမ်ရှေ့ခန်း ကြမ်းပြင်ပေါ်တွင် မှောက်လျက် သွေးများထွက်ကာ သေဆုံးနေကြောင်း၊ ၎င်းနှင့်အတူနေထိုင်သူဖခင်နှင့် ညီဖြစ်သူတို့ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသည်။

မေးမြန်းကြည့်ရာ သေဆုံးသူသည် ည၁၀ နာရီအချိန်ခန့်က အရက်မူးပြီး ဓားကိုင်ကာ နေအိမ်ရှိ မိသားစုများအား ရမ်းကားသောကြောင့် ရွာ အပြင်ရှိ ဆွေမျိုးများထံ

သွားရောက်တိမ်းရှောင်နေကြောင်းနှင့် ညီဖြစ်သူ သန်းဇော်ဦး(၂၇)နှစ် မှာသေဆုံးသူနှင့်အပြန်အလှန် အော်ဟစ်စကားများ ရန်ဖြစ်ကြောင်း သတင်းအရ လိုက်လံရှာဖွေရာ

အခင်းဖြစ်နေအိမ်နောက်ဘက်ငှက်ပျောတောအတွင်းတွေ့ရှိ၍ ဖမ်းဆီးကာ သက်သေများရှေ့တွင် မြက်ခုတ်ဓားအား အပ်နှံခဲ့ကြောင်း၊ မိသားစုအား အကြိမ်ကြိမ် စော်ကားခဲ့မှုများကြောင့်

ညီအရင်းမှ မခံနိုင်၍ မြက်ခုတ်ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းက သိရသည်။