အႏုပညာေၾကးေလးနဲ႔ မိဘေတြကုိအိမ္ျပင္ေဆာက္ေပးမယ့္ ပုိက္ဆံေလး အလိမ္ခံလိုက္ရတယ္ဆိုတဲ့ မေအးေသာင္း

Zawgyi

မေအးေသာင္းဟာ အနုပညာေလာကထဲမွာအခ်ိန္ေတြအၾကာၾကီးေအာင္ျမင္မႈကုိထိန္းထားနုိင္တဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး တစ္နုိင္ငံလံုုးကပရိသတ္ေတြရဲ႕အခ်စ္ကုိလည္းပုိင္ဆို္င္ထားသူပါ။

မေအးေသာင္းက အမူအရာသိမ္ေမြ႔သလို စိတ္ထားလည္းနူးညံ့ျပီးသနားတတ္သူတစ္ဦးပါ။စိတ္ထားနူးညံ့တဲ့မေအးေသာင္းက သနားလို႔ေငြေခ်းေပးလိုက္ရာက အလိမ္ခံခဲ့ရတယ္လို႔ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ဝမ္းနည္းပက္လက္ရင္ဖြင့္လာခဲ့ပါတယ္။

မေအးေသာင္းက အရမ္းခ်မ္းသာေနတာမဟုတ္လို႔ အလိမ္ခံလိုက္ရတာ စိတ္မေကာင္းဘူးလို႔ “သူမ်ားေတြက အနုပညာရွင္ဆိုရင္ခ်မ္းသာေနတယ္လို႔ထင္ၾကတယ္။ ဒါေပမယ့္အစ္မက ကိုယ့္အခန္းေလးကအစ

ကုိယ္ေနတဲ့အိမ္ကအစ လာၾကည့္ရင္ ပံုမွန္မိသားစုပဲဆိုေတာ့ သူမ်ားေတြကေျပာၾကတယ္။ ဘယ္ေလာက္မ်ားလို႔လဲ မသိခ်င္ေယာင္ေဆာင္ေပးလိုက္ပါေပ့ါ။ အစ္မကေတာ့ တစ္က်ပ္ကအစ ကုိယ့္ေခြ်းနွဲစာေလ။

တစ္က်ပ္ကအစ တန္ဖိုးထားတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ အစ္မက ဘယ္ေလာက္ပဲျဖစ္ျဖစ္နွေမ်ာတာေပါ့”လို႔ ရင္ဖြင့္ထားပါတယ္။ မိဘေတြကုိအိမ္ျပန္ျပင္ေဆာက္ေပးမယ္လို႔ရည္စူးထားတဲ့ပိုက္ဆံေလးအလိ္မ္ခံလုိက္ရလို႔

ပိုျပီးဝမ္းနည္းတယ္လို႔ “ေနာက္ျပီးေတာ့ ဒီပိုက္ဆံကလည္း အစ္္မတို႔အိမ္ကေလးက က်ဥ္းတဲ့အတြက္ေၾကာင့္မုိ႔ မိသားစုအိမ္ကေလးေဆာက္ဖို႔တစ္ဖက္တစ္လမ္းကေန မိဘေတြကုိကူညီမယ္ဆိုျပီးေတာ့ လုပ္ထားတဲ့ဟာေလးဆိုေတာ့ ဝမ္းနည္းတယ္။

အခုအခ်ိန္အထိလည္းစိတ္မေကာင္းျဖစ္တုန္းပဲ။ ဒါကလည္း သူမ်ားေတြေျပာသလို ယံုမိတာကုိးခံရတာေပါ့။ ကုိယ္ကလည္း သနားတတ္တာလည္းပါတယ္ေပါ့ေနာ္။ ကုိယ္ခ်င္းစာတယ္။

သူမ်ားေတြအဆင္မေျပဘူးခက္ခဲတယ္ဆိုလည္းကုိယ္ခ်င္းစာတယ္။ဘဝက ခက္ခဲတယ္။ ပုိက္ဆံရွာရခက္တယ္။ သနားတတ္တာကလည္း ကုိယ့္ရဲဲ႕အားနည္းခ်က္ပဲျဖစ္ေနတာေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

လိ္မ္သြားတဲ့လူကုိအဆက္အသြယ္မရဘူးလို႔လည္း “ယူသြားကတည္းက အဆက္အသြယ္မရဘူးေပါ့ေနာ္။ ဟုိတစ္ေလာကေတာ့ ေလယာဥ္ကြင္းမွာေတြ႕တယ္။ ေတြ႕ေတာ့ သူ႔ဖုန္းနံပါတ္ေပးတယ္။

ေနာက္ေန႔ဖုန္းဆက္ေတာ့ သူမအားဘူး ဖုန္းေျပာခ်ိန္မရွိဘူးဆိုျပီး ဖုန္းခ်သြားတယ္။ ေနာက္တစ္ခါဆက္ေတာ့လည္းမကုိင္ေတာ့ဘူး၊ဒါပထမဆံုးပါပဲ။အစ္မက သူမ်ားကုိယံုျပီးေတာ့ ပုိက္ဆံမေခ်းတတ္ဘူး။

ကုိယ့္မွာလည္းအျမဲတမ္းအမ်ားၾကီးရွိခဲ့တာမဟုတ္ဘူးေလ။ ကုိယ့္လက္ထဲမွာလည္းပိုက္ဆံနည္းနည္းရွိတယ္။ သူကလည္း တကယ္အကူအညီလိုတယ္။ ကုိယ္ကလည္းသနားတယ္။

သူ႔အခက္အခဲေတြလည္းအရမ္းေျပာျပတယ္ဆိုေတာ့ ငါခက္ခဲရင္လည္းခံစားရတာပဲဲဆိုေတာ့ ကူညီလိုက္ပါမယ္ဆိုျပီးလုပ္လိုက္တာ”လို႔ေျပာျပထားပါတယ္။

ေနာက္ကုိလူေတြကုိမယံုဖို႔နဲ႔မသနားဖုိ႔ ၾကိဳးစားရမယ္လို႔မေအးေသာင္းက “လူေတြကိုမယံုဖို႔ အရမ္းၾကီးမသနားဖို႔ေတာ့ ၾကိဳးစားရမွာေပါ့ေနာ္။ အေမတို႔ကေတာ့ ဘာမွမေျပာပါဘူး။

အေမတို႔အတြက္ကေတာ့ ဘာမွမျဖစ္ပါဘူးမိသားစုဒီတိုင္းေလးပဲေနတာ အဆင္ေျပတယ္ဆိုေတာ့ေလ။ ေလာဘလည္းအရမ္းၾကီးမရွိပါဘူး။ အေမတို႔ကေတာ့ ကံပဲေပါ့သမီးရယ္လို႔ေျပာျပီး စိတ္မေကာင္းျဖစ္လိမ့္မယ္”လို႔ ဖြင့္ဟထားပါတယ္။

Unicode

မအေးသောင်းဟာ အနုပညာလောကထဲမှာအချိန်တွေအကြာကြီးအောင်မြင်မှုကိုထိန်းထားနိုင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး တစ်နိုင်ငံလုံုးကပရိသတ်တွေရဲ့အချစ်ကိုလည်းပိုင်ဆိုင်ထားသူပါ။

မအေးသောင်းက အမူအရာသိမ်မွေ့သလို စိတ်ထားလည်းနူးညံ့ပြီးသနားတတ်သူတစ်ဦးပါ။စိတ်ထားနူးညံ့တဲ့မအေးသောင်းက သနားလို့ငွေချေးပေးလိုက်ရာက အလိမ်ခံခဲ့ရတယ်လို့ မီဒီယာတွေနဲ့အင်တာဗျူးမှာ ဝမ်းနည်းပက်လက်ရင်ဖွင့်လာခဲ့ပါတယ်။

မအေးသောင်းက အရမ်းချမ်းသာနေတာမဟုတ်လို့ အလိမ်ခံလိုက်ရတာ စိတ်မကောင်းဘူးလို့ “သူများတွေက အနုပညာရှင်ဆိုရင်ချမ်းသာနေတယ်လို့ထင်ကြတယ်။ ဒါပေမယ့်အစ်မက ကိုယ့်အခန်းလေးကအစ

ကိုယ်နေတဲ့အိမ်ကအစ လာကြည့်ရင် ပုံမှန်မိသားစုပဲဆိုတော့ သူများတွေကပြောကြတယ်။ ဘယ်လောက်များလို့လဲ မသိချင်ယောင်ဆောင်ပေးလိုက်ပါပေ့ါ။ အစ်မကတော့ တစ်ကျပ်ကအစ ကိုယ့်ချွေးနှဲစာလေ။

တစ်ကျပ်ကအစ တန်ဖိုးထားတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အစ်မက ဘယ်လောက်ပဲဖြစ်ဖြစ်နှမျောတာပေါ့”လို့ ရင်ဖွင့်ထားပါတယ်။ မိဘတွေကိုအိမ်ပြန်ပြင်ဆောက်ပေးမယ်လို့ရည်စူးထားတဲ့ပိုက်ဆံလေးအလိမ်ခံလိုက်ရလို့

ပိုပြီးဝမ်းနည်းတယ်လို့ “နောက်ပြီးတော့ ဒီပိုက်ဆံကလည်း အစ်မတို့အိမ်ကလေးက ကျဉ်းတဲ့အတွက်ကြောင့်မို့ မိသားစုအိမ်ကလေးဆောက်ဖို့တစ်ဖက်တစ်လမ်းကနေ မိဘတွေကိုကူညီမယ်ဆိုပြီးတော့ လုပ်ထားတဲ့ဟာလေးဆိုတော့ ဝမ်းနည်းတယ်။

အခုအချိန်အထိလည်းစိတ်မကောင်းဖြစ်တုန်းပဲ။ ဒါကလည်း သူများတွေပြောသလို ယုံမိတာကိုးခံရတာပေါ့။ ကိုယ်ကလည်း သနားတတ်တာလည်းပါတယ်ပေါ့နော်။ ကိုယ်ချင်းစာတယ်။

သူများတွေအဆင်မပြေဘူးခက်ခဲတယ်ဆိုလည်းကိုယ်ချင်းစာတယ်။ဘဝက ခက်ခဲတယ်။ ပိုက်ဆံရှာရခက်တယ်။ သနားတတ်တာကလည်း ကိုယ့်ရဲ့အားနည်းချက်ပဲဖြစ်နေတာပေါ့နော်”လို့ ပြောပြထားပါတယ်။

လိမ်သွားတဲ့လူကိုအဆက်အသွယ်မရဘူးလို့လည်း “ယူသွားကတည်းက အဆက်အသွယ်မရဘူးပေါ့နော်။ ဟိုတစ်လောကတော့ လေယာဉ်ကွင်းမှာတွေ့တယ်။ တွေ့တော့ သူ့ဖုန်းနံပါတ်ပေးတယ်။

နောက်နေ့ဖုန်းဆက်တော့ သူမအားဘူး ဖုန်းပြောချိန်မရှိဘူးဆိုပြီး ဖုန်းချသွားတယ်။ နောက်တစ်ခါဆက်တော့လည်းမကိုင်တော့ဘူး၊ဒါပထမဆုံးပါပဲ။အစ်မက သူများကိုယုံပြီးတော့ ပိုက်ဆံမချေးတတ်ဘူး။

ကိုယ့်မှာလည်းအမြဲတမ်းအများကြီးရှိခဲ့တာမဟုတ်ဘူးလေ။ ကိုယ့်လက်ထဲမှာလည်းပိုက်ဆံနည်းနည်းရှိတယ်။ သူကလည်း တကယ်အကူအညီလိုတယ်။ ကိုယ်ကလည်းသနားတယ်။

သူ့အခက်အခဲတွေလည်းအရမ်းပြောပြတယ်ဆိုတော့ ငါခက်ခဲရင်လည်းခံစားရတာပဲဆိုတော့ ကူညီလိုက်ပါမယ်ဆိုပြီးလုပ်လိုက်တာ”လို့ပြောပြထားပါတယ်။

နောက်ကိုလူတွေကိုမယုံဖို့နဲ့မသနားဖို့ ကြိုးစားရမယ်လို့မအေးသောင်းက “လူတွေကိုမယုံဖို့ အရမ်းကြီးမသနားဖို့တော့ ကြိုးစားရမှာပေါ့နော်။ အမေတို့ကတော့ ဘာမှမပြောပါဘူး။

အမေတို့အတွက်ကတော့ ဘာမှမဖြစ်ပါဘူးမိသားစုဒီတိုင်းလေးပဲနေတာ အဆင်ပြေတယ်ဆိုတော့လေ။ လောဘလည်းအရမ်းကြီးမရှိပါဘူး။ အမေတို့ကတော့ ကံပဲပေါ့သမီးရယ်လို့ပြောပြီး စိတ်မကောင်းဖြစ်လိမ့်မယ်”လို့ ဖွင့်ဟထားပါတယ်။