ဘာ့ကြောင့် ဒီလောက်ထိချမ်းသာလာတာလဲဆိုတာကို ပြောပြလာတဲ့ စမိုင်းလ်

Zawgyi




အခုကနည်းပညာပိုင်းတွေ အရမ်းကိုကိုတိုးတက်လာတဲ့ ခေတ်မှာ အိုင်ဒီနည်းပညာတွေ တယ်လီဖုန်းတွေနဲ့ အများကြီးပဲ အလုပ်လုပ်လာနိုင်တယ်လေ ဘယ်လိုဘဲချမ်းသာ ချမ်းသာပေါ့နော်

ဥပမာဆိုကျပါဆို့ အစ်မကသူများပိုက်ဆံ တွေခိုးပြီးချမ်းသာလာတယ် သူများအပေါ်ကလိန်ကျပြီး ချမ်းသာလာရင် ကိုယ်ကလိန်ကျတဲ့ လူတွေကရော ယနေ့အချိန်ထိ နေနေပမလား အဲ့လိုသူများပိုက်ဆံခိုးထားလို့ရှိရင် သုတို့ကငြိမ်နေပြီး မပြောဘဲနေပမလား






တစ်ချို့တွေကျတော့ နိုင်ငံခြားမှာထီပေါက်လာတယ် ဆိုပြီးပြောနေကျတဲ့ အပေါ်ရော” ပေါက်ချင်တာ အရမ်းကိုပေါက်ချင်တာ ဟိုကောင်းတာတွေလဲရှိသလို ဆိုးတာတွေလဲရှိပါတယ်





အချစ်ကိုစဉ်းစားခဲ့တာ ငတ်လဲရတယ် ပြတ်လဲရတ်ာဆိုပြီးလုပ်ခဲ့တာ ဒါပေမဲ့ကံကောင်းလို့သာ အစ်မတို့အဆင်ပြေသွားတာ အဆငိမပြေတဲ့သူတွေလဲ အများကြီးရှိတယ် အဲ့တော့အရာရာကိုစဉ်းစား ချင့်ချိန်ဖို့တော့လိုအပ်တာပေါ့နော်


Unicode

မော်ဒယ်သရုပ်ဆောင် စမိုင်းလ်ကတော့ ယခုနောက်ပိုင်းမှာ သူတို့ရဲ့ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကြောင့် ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုကို ခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့ကိုအားကျတဲ့သူတွေ ရှိသလိုဝေဖန်တိုက်ခိုက်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဝေဖန်တိုက်ခိုက်ကြသူတွေကိုတော့ စမိုင်းလ်က သူတို့ဘာကြောင့် ဒီလိုနေနိုင်တာလဲဆိုတဲ့ အပေါ်မှာ ဖြေရှင်းပြောကြားသွား ခဲ့ပါတယ်။

စမိုင်းလ် ကတော့ ဘယ်လိုချမ်းသာလာလဲ ဆိုတာကိုတော့” အစ်မတို့ဆိုလုပ်ငန်းတွေ လုပ်နေတာလဲချပြတာဘဲ တစ်ချို့ဆိုလဲ ဟိုတယ်ကြီးဆောက်မှ လူတွေများမှ အဲ့လိုတွေမှ အလုပ်လုပ်တာမဟုတ်ဘူး

အခုကနည်းပညာပိုင်းတွေ အရမ်းကိုကိုတိုးတက်လာတဲ့ ခေတ်မှာ အိုင်ဒီနည်းပညာတွေ တယ်လီဖုန်းတွေနဲ့ အများကြီးပဲ အလုပ်လုပ်လာနိူင်တယ်လေ ဘယ်လိုဘဲချမ်းသာ ချမ်းသာပေါ့နော်

ဥပမာဆိုကျပါဆို့ အစ်မကသူများပိုက်ဆံ တွေခိုးပြီးချမ်းသာလာတယ် သူများအပေါ်ကလိန်ကျပြီး ချမ်းသာလာရင် ကိုယ်ကလိန်ကျတဲ့ လူတွေကရော ယနေ့အချိန်ထိ နေနေပမလား အဲ့လိုသူများပိုက်ဆံခိုးထားလို့ရှိရင် သုူတို့ကငြိမ်နေပြီး မပြောဘဲနေပမလား

အဲ့တော့အစ်မသည် သူများကိုဒုက္ခမပေးထားဘူး သူများမျက်ရည်ပေါက်ကြီးငယ်ကျတဲ့ပိုက်ဆံနဲ့ မရှာထားတာဖြစ်တဲ့ အတွက်ကြောင့် အစ်မအနေဖြောင့်တယ် ကိုယ်သာမန်ရှာစားထားတာ ဖြစ်တဲ့အတွက်ကြောင့် အစ်မစားနေတဲ့ထမင်းက အေးအေးချမ်းချမ်းစားနိုင်တယ်ပေါ့နော်”

တိုက်ခိုက်တာ ဝေဖန်မှုတွေအပေါ်ရော” တိုက်ခိုက်တာ ဝေဖန်မှုကတော့ အမြဲတမ်းရှိနေတာဘဲ အခုအစ်မတို့ကျ ပိုပြီးတိုပ်ခိုက်ခံရတယ် တစ်အချက်လူသိများတယ် အနုပညာလောကထဲကလဲ ဖြစ်တော့လူသိလွယ်တာပေါ့

အတိုက်အခိုက်ဆိုတော့ရှိနေမှာဘဲ ပွင့်ပွင့်လင်းလင်းပြောရရင် အပင်မြင့်ရင်လေတိုက်ခံရမှာပဲ အဲ့တော့ အစ်မတို့လင်မယားနှစ်ယောက်စလုံး အမြဲတမ်းပြောတယ် ဖောင်ဒေးရှင်းကောင်းဖို့နေဖို့ပဲ ရှိတယ်ပေါ့နော်

ကိုယ်တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်ရှိနေရင် ဘယ်လိုအတိုက်ခံမျိုးမဆို ကျော်ဖြတ်လို့ရတယ် ကိုယ်ကမှန်တာလုပ်နေလို့ရှိရင်

ကိုယ်မဟုတ်တာနဲ့မချမ်းသာဘူး သူများမျက်ရည်ပေါက် ကြီးငယ်ကျတဲ့အပူဆာနဲ့ မချမ်းသာခဲ့ဘူးဆိုရင် အစ်မကတော့ အေးအေးဆေးဆေးနေနိုင်တယ်ပေါ့နော်”

တစ်ချို့တွေကျတော့ နိူင်ငံခြားမှာထီပေါက်လာတယ် ဆိုပြီးပြောနေကျတဲ့ အပေါ်ရော” ပေါက်ချင်တာ အရမ်းကိုပေါက်ချင်တာ ဟိုကောင်းတာတွေလဲရှိသလို ဆိုးတာတွေလဲရှိပါတယ်

ဒါကတော့ကိုယ်ကိုကိုဘဲ သိတာပေါ့ ဘယ်သူကပေါက်တယ်ပြောပြော ပေါက်တယ်ဆိုလဲ ပေါက်တယ်ပေါ့ အေးတာပဲ ”အချစ်ရေးမှာ ပိုက်ဆံကအဓိကကျတယ်လို့ ထင်လား” အမှန်တိုင်းပြောရရင်

အတိုင်းအတာတစ်ခုတော့ လိုတယ်လို့တော့ အစ်မထင်တယ် ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေပြီးတော့ငတ်ပြတ်နေရင် ဘယ်လိုမှမဖြစ်နိုင်ဘူးလေ ပြီးတော့အရင်တုန်းကလို ထမင်းရည်ပူကိုသောက်မယ် ဆိုလဲဘယ်နှစ်ရက်သောက်နိုင်မှာလဲ

အလွန်ဆုံးနှစ်ရက် သုံးရက်ပေါ့ တစ်ပက်လောက်ကျော်လာရင် ဒီထမင်းရည်ပူကိုလဲ ဘယ်သုကကြည့်ချင်မှာလဲ အာ့တာမျိုးတွေအများကြီးရှိတဲ့ အခါကျတော့လဲ ငွေရေးကြေးရေး အတိုင်းအတာတစ်ခုက လိုအပ်ပါတယ်

ချမ်းသာဖို့ပြောတာမဟုတ်ဘူး တသ်ခုခုအဆင်ပြေနေဖို့ အဲ့အတွက်ကတော့လိုအပ်တယ်လို့ အစ်မတော့ထင်ပါတယ် မိုက်ရူးရဲဆန်တယ်လို့ထင်တယ်ပြောပြော အစ်မကိုယ်တိုင်လဲ

အချစ်ကိုစဉ်းစားခဲ့တာ ငတ်လဲရတယ် ပြတ်လဲရတာ်ဆိုပြီးလုပ်ခဲ့တာ ဒါပေမဲ့ကံကောင်းလို့သာ အစ်မတို့အဆင်ပြေသွားတာ အဆငိမပြေတဲ့သူတွေလဲ အများကြီးရှိတယ် အဲ့တော့အရာရာကိုစဉ်းစား ချင့်ချိန်ဖို့တော့လိုအပ်တာပေါ့နော်

အခုခေတ်ကအားလုံးက ပိုပြီးတော့လုရည်လည်လာပြီပေါ့နော် နှလုံးသားကြီးဘဲ မစဉ်းစားနဲ့ နှလုံးသားရောဦးနှောက်ရော စဉ်းစားမယ်ဆို ပိုပြီးတော့အဆင်ပြေမယ်လို အစ်မတော့ထင်တယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။