လြန္ခဲ့တဲ့ သံုးႏွစ္က ပံုေလးအတိုင္း မေျပာင္းမလဲ လွပေနတဲ့ ေရႊအိမ္စည္

Zawgyi

International Miss ၿပိဳင္ပြဲမ်ားစြာကို ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ အလွမယ္ ေရႊအိမ္စည္ဟာ လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ အလွမယ္ျဖစ္တာေၾကာင့္ အလွမယ္ၿပိဳင္ပြဲမ်ားကို တဆင့္ၿပီးတဆင့္ တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သူမရဲ႕ဘ၀မွာ အခက္အခဲမ်ိဳးစံုနဲ႕ၾကံဳေတြ႕ခဲ့ရေပမယ့္ မေလွ်ာ့ေသာ ဇြဲ၊လုံ႕လတို႕နဲ႕ အားတင္းဆက္ေလွ်ာက္ခဲ့တာေၾကာင့္

အခုဆိုရင္ ေမာ္ဒယ္လ္နဲ႕အလွမယ္ေလာကမွာ ထိပ္တန္းေအာင္ျမင္ေက်ာ္ၾကားသူတစ္ဦး ျဖစ္လို႕လာခဲ့ပါၿပီ။

ခပ္ေခ်ေခ်မ်က္ႏွာထားေလးကိုပါ ပိုင္ဆုိင္ထားတာေၾကာင့္ လူငယ္ပရိသတ္မ်ားရဲ႕ အေၾကြဆံုး ေမာ္ဒယ္လ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။

ေရႊအိမ္စည္က တေန႕တျခား ပိုပိုၿပီး လွလာေပမယ့္ တစ္ႏွစ္ၿပီးတစ္ႏွစ္ မေျပာင္းမလဲ ႏုပ်ိဳလွပေနဆဲပဲ ျဖစ္ပါတယ္။

ေရႊအိမ္စည္က လြန္ခဲ့တဲ့ သံုးႏွစ္က ပံုေလးကို MyDay မွာခ်ျပခဲ့ၿပီးေနာက္ ပရိသတ္မ်ားက ယခု ပံုစံေလးနဲ႕ယွဥ္ၾကည့္ရာမွာေတာ့ အရမ္းအံ့ၾသခဲ့ၾကပါတယ္။

ဘာလို႕လဲဆုိေတာ့ ေရႊအိမ္စည္က ဆံပင္စတိုင္ေလး ေျပာင္းသြားတာကလြဲလုိ႕ ဒီမ်က္ႏွာ၊ ဒီခႏၶာကိုယ္ေလးအတုိင္း လွပေနလို႕ပဲ ျဖစ္ပါတယ္။

ရုပ္ရွင္ဇာတ္ကားမ်ားကိုပါ လက္ခံရိုက္ကူးလာတ့ဲ ေရႊအိမ္စည္က အမ်ားအားျဖင့္ photo shooting မ်ားကိုသာ ဦးစားေပးလုပ္ကိုင္ေနတာကို ေတြ႕ရပါတယ္။

ဝါသနာပါရာ အလုပ္ေလးမ်ားကို လုပ္ကိုင္ရင္း သူမရဲ႕ဘ၀ေလးကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနခဲ့ၿပီး လက္ရွိမွာေတာ့ အခ်စ္ေရးက တည္ၿငိမ္ေနဆဲ ျဖစ္ပါတယ္။

Unicode

International Miss ပြိုင်ပွဲများစွာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှမယ်ဖြစ်တာကြောင့် အလှမယ်ပြိုင်ပွဲများကို တဆင့်ပြီးတဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ဘဝမှာ အခက်အခဲမျိုးစုံနဲ့ကြုံတွေ့ခဲ့ရပေမယ့် မလျှော့သော ဇွဲ၊လုံ့လတို့နဲ့ အားတင်းဆက်လျှောက်ခဲ့တာကြောင့်

အခုဆိုရင် မော်ဒယ်လ်နဲ့အလှမယ်လောကမှာ ထိပ်တန်းအောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်လို့လာခဲ့ပါပြီ။

ခပ်ချေချေမျက်နှာထားလေးကိုပါ ပိုင်ဆိုင်ထားတာကြောင့် လူငယ်ပရိသတ်များရဲ့ အကြွေဆုံး မော်ဒယ်လ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ရွှေအိမ်စည်က တနေ့တခြား ပိုပိုပြီး လှလာပေမယ့် တစ်နှစ်ပြီးတစ်နှစ် မပြောင်းမလဲ နုပျိုလှပနေဆဲပဲ ဖြစ်ပါတယ်။

ရွှေအိမ်စည်က လွန်ခဲ့တဲ့ သုံးနှစ်က ပုံလေးကို MyDay မှာချပြခဲ့ပြီးနောက် ပရိသတ်များက ယခု ပုံစံလေးနဲ့ယှဉ်ကြည့်ရာမှာတော့ အရမ်းအံ့သြခဲ့ကြပါတယ်။

ဘာလို့လဲဆိုတော့ ရွှေအိမ်စည်က ဆံပင်စတိုင်လေး ပြောင်းသွားတာကလွဲလို့ ဒီမျက်နှာ၊ ဒီခန္ဓာကိုယ်လေးအတိုင်း လှပနေလို့ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားများကိုပါ လက်ခံရိုက်ကူးလာတဲ့ ရွှေအိမ်စည်က အများအားဖြင့် photo shooting များကိုသာ ဦးစားပေးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ဝါသနာပါရာ အလုပ်လေးများကို လုပ်ကိုင်ရင်း သူမရဲ့ဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့ပြီး လက်ရှိမှာတော့ အချစ်ရေးက တည်ငြိမ်နေဆဲ ဖြစ်ပါတယ်။