ဆိတ်ငြိမ်အေးချမ်းတဲ့နေရာလေးမှာ တရားအားထုတ်နေကြတဲ့ နေတိုး နဲ့  ကျော်ကျော်ဗိုလ် တို့ မိသားစုနှစ်စု

Zawgyi

ပည်သူချစ် သရုပ်ဆောင် မင်းသားချော နေတိုး နဲ့ မင်းသားချော ကျော်ကျော်ဗိုလ်တို့နှစ်ယောက်ကတော့ တကယ့်ညီအစ်ကိုအရင်းတွေလို ခင်မင်ရင်းနှီးကြတဲ့ အနုပညာညီအစ်ကိုတွေပဲ ဖြစ်ကြပါတယ်။








Unicode

ပြည်သူချစ် သရုပ်ဆောင် မင်းသားချော နေတိုး နဲ့ မင်းသားချော ကျော်ကျော်ဗိုလ်တို့နှစ်ယောက်ကတော့ တကယ့်ညီအစ်ကိုအရင်းတွေလို ခင်မင်ရင်းနှီးကြတဲ့ အနုပညာညီအစ်ကိုတွေပဲ ဖြစ်ကြပါတယ်။

နှင်းဆီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုလ်တို့နှစ်ယောက်က အမြဲလိုလို အတွဲညီညီနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အတူတွဲဖက်သရုပ်ဆောင်လေ့ရှိပါတယ်။သူငယ်ချင်းတွေ ဖြစ်ကြသလို ညီအစ်ကိုတွေလိုလည်း ခင်မင်ရင်းနှီးကြတဲ့ သူတို့နှစ်ယောက်ရဲ့

မိသားစုဝင်တွေကလည်း အချင်းချင်း ချစ်ခင်ရင်းနှီးကြတာ ဖြစ်ပါတယ်။အခုလည်း နေတိုးနဲ့ ကျော်ကျော်ဗိုလ်တို့ မိသားစုနှစ်စုပေါင်းပြီး တက်ညီလက်ညီနဲ့ တရားအားထုတ်နေကြတာ တွေ့ရပါတယ်။

သူတို့မိသားစုနှစ်စုက သစ်တံခါးဆရာတော်ကြီးရဲ့ ကျောင်းတိုက်တော်အတွင်းမှာ အဓိဋ္ဌာန် ပုတီးစိပ်ပြီး ကုသိုလ်ယူနေကြတာ ဖြစ်ပါတယ်။ နေတိုးတို့ မိသားစုလေးကလည်း အဖြူရောင်ဝတ်စုံလေးတွေနဲ့

တရားအားထုတ်နေကြသလို ကျော်ကျော်ဗိုလ်တို့ဇနီးမောင်နှံကလည်း အေးချမ်းဆိတ်ငြိမ်လှတဲ့ တရားရိပ်လေးမှာ မေတ္တာဘဝနာတွေ ပွားများရင်း ကုသိုလ်ယူနေကြတာပဲ ဖြစ်ပါတယ်။

တရားအားထုတ်နေတဲ့ သူတို့မိသားစုလေးနှစ်စုကိုကြည့်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာတောင် အေးချမ်းစေခဲ့တာ ဖြစ်ပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် ကုသိုလ်ကောင်းမှုတွေ အတူတူပြုလုပ်နေတဲ့ နေတိုးနဲ့ကျော်ကျော်ဗိုလ်တို့မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။