ၾသဂုတ္လ ၁၀ ရက္ေန႕ မလႊဲေတာင္ၿပိဳက်မႈတြင္ လူငယ္ ၄ ဦးပါသြားခဲ့၊ အေလာင္းမ်ားယေန႕ ရရွိ

Zawgyi

မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္း ဆက္သြယ္ထားသည့္ ေရး- ထားဝယ္လမ္းပိုင္းတြင္ ၾသဂုတ္လ ၁၀ ရက္ေန႕က မလႊဲေတာင္ၿပိဳက်မႈ ျဖစ္စဥ္ ျဖစ္ပြားခဲ့ၿပီး ယင္းျဖစ္စဥ္တြင္ လူငယ္ ၄ ဦး

ေပ်ာက္ဆုံးခဲ့ၿပီး ေပ်ာက္ဆုံးခဲ့သည့္ လူငယ္ ၄ ဦး၏ အေလာင္းမ်ားကို ရရွိထားၿပီျဖစ္ေၾကာင္း ကူညီ ကယ္ဆယ္ေရးလုပ္ေဆာင္ေနေသာ ေရးၿမိဳ႕ အေျခစိုက္ ပရဟိတအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“ျဖစ္စဥ္ ဘယ္လိုျဖစ္လဲဆိုတာကိုေတာ့ က်ေနာ္မသိေသးဘူး။

အေလာင္း ၄ ေလာင္းရတယ္။ အဲဒီ အေလာင္း ၄ ေလာင္းက ၾသဂုတ္လ ၁၀ ရက္ေန႕ ေတာင္ၿပိဳမႈမွာ ပါသြားတာ။

သူတို႔ေဆြမ်ိဳးေတြကလည္း ေပ်ာက္ေနတယ္ဆိုၿပီး ေဖ့ဘုတ္စ္မွာ ပို႔စ္တင္ထားတယ္။

အေလာင္း ၄ ေလာင္းကေတာ့ က်ေနာ္တို႔ ရထားတာ သိထားပါတယ္။ ဒီေန႕ ၿပိဳတာမဟုတ္ဘူး။ အရင္ေန႕ကတည္းက ၿပိဳခဲ့တာ။ အေလာင္းေတြက ပုတ္ပြေနၿပီ” ဟု ၎က ဆိုသည္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာအနီးတြင္လည္း ေတာင္ၿပိဳက်မႈျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီး ေတာင္ၿပိဳက်မႈေၾကာင့္

လူ ၆၃ ဦး အေလာင္းမ်ား ရွာေဖြေတြ႕ရွိထားေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။ ေခတ္သစ္နယူး

Unicode

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဆက်သွယ်ထားသည့် ရေး- ထားဝယ်လမ်းပိုင်းတွင် သြဂုတ်လ ၁၀ ရက်နေ့က မလွှဲတောင်ပြိုကျမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် လူငယ် ၄ ဦး

ပျောက်ဆုံးခဲ့ပြီး ပျောက်ဆုံးခဲ့သည့် လူငယ် ၄ ဦး၏ အလောင်းများကို ရရှိထားပြီဖြစ်ကြောင်း ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေသော ရေးမြို့ အခြေစိုက် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖြစ်စဉ် ဘယ်လိုဖြစ်လဲဆိုတာကိုတော့ ကျနော်မသိသေးဘူး။

အလောင်း ၄ လောင်းရတယ်။ အဲဒီ အလောင်း ၄ လောင်းက သြဂုတ်လ ၁၀ ရက်နေ့ တောင်ပြိုမှုမှာ ပါသွားတာ။

သူတို့ဆွေမျိုးတွေကလည်း ပျောက်နေတယ်ဆိုပြီး ဖေ့ဘုတ်စ်မှာ ပို့စ်တင်ထားတယ်။

အလောင်း ၄ လောင်းကတော့ ကျနော်တို့ ရထားတာ သိထားပါတယ်။ ဒီနေ့ ပြိုတာမဟုတ်ဘူး။ အရင်နေ့ကတည်းက ပြိုခဲ့တာ။ အလောင်းတွေက ပုတ်ပွနေပြီ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအနီးတွင်လည်း တောင်ပြိုကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး တောင်ပြိုကျမှုကြောင့်

လူ ၆၃ ဦး အလောင်းများ ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။